Language:

ဝမ်းတွင်းမြို့မှာ ဂါလံ ၁၆၀၀ ဆန့် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်


ဝမ်းတွင်းမြို့မှာ ဂါလံ ၁၆၀၀ ဆန့် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်

၂၇ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

TNA

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ အမှတ်(၂)ရပ်ကွက် သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ်မှာ အောက်တိုဘာ (၂၇)ရက် ညနေ (၄) နာရီ (၄၅) မိနစ်အချိန်ခန့်က ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဝမ်းတွင်းမြို့နယ် မီးသတ်စခန်းက သိရပါတယ်။

သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားတယ်လို့ သတင်းအရ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့တာလို့ သိရပါတယ်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာတော့ ဆီယိုဖိတ်မှုကြောင့် မီးလောင်မှု မဖြစ်ပွားစေရေးအတွက် Foam ဆေးရည်ဖြင့် ဖုံးအုပ်ခြင်း၊ အအေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

#ဝမ်းတွင်းမြို့

#ဂါလံ၁၆၀၀ဆန့်

#ဆီဘောက်ဆာ

#ယာဉ်တိမ်းမှောက်မှု

ဆက်စပ်သတင်းများ

Eastern Thanlwin