Language:

ညောင်ဦးမြို့နယ်မှာ နေအိမ်မီးလောင်မှုဖြစ်ပွား၊ မန္တလေးတိုင်းအတွင်း မြို့နယ်အချို့တို့မှာ သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရ


ညောင်ဦးမြို့နယ်မှာ နေအိမ်မီးလောင်မှုဖြစ်ပွား၊ မန္တလေးတိုင်းအတွင်း မြို့နယ်အချို့တို့မှာ သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရ

၂၇ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

TNA

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သီရိမင်္ဂလာရပ်မှာ ယမန်နေ့ အောက်တိုဘာ ၂၆ ရက်၊ ည ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်က နေအိမ်မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ညောင်ဦးခရိုင်မီးသတ်စခန်းမှ အထောက်အကူပြု ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့တာပါ။

ထို့ပြင် ညောင်ဦးမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အမှတ်(၄)နှင့်(၅)အရန်မီးသတ်စခန်းတိုမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့တာပါ။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၃၄ မိနစ်အချိန်မှာ မီးငြှိသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်အရ မီးသတ်တပ်ဖွဲ့ လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားမှာလို့ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာ ၂၆ ရက်၊ ညပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နေရာတို့မှာ မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရတယ်လို့လည်း ဒေသတွင်း သတင်းများအရ သိရပါတယ်။

#ညောင်ဦးမြို့နယ်

#နေအိမ်မီးလောင်မှု

#မန္တလေးတိုင်း

#သစ်ပင်လဲကျမှု

ဆက်စပ်သတင်းများ

Eastern Thanlwin