Language:

အုတ်၊ သဲ၊ ကျောက်တင်ကားများ မိုးကာမအုပ်ဘဲ တင်ဆောင်နေလို့ မြို့တွင်း ယာဥ်အန္တရာယ်စိုးရိမ်ရ


အုတ်၊ သဲ၊ ကျောက်တင်ကားများ မိုးကာမအုပ်ဘဲ တင်ဆောင်နေလို့ မြို့တွင်း ယာဥ်အန္တရာယ်စိုးရိမ်ရ

၂၅ အောက်တိုဘာ ၂၀၂၆(Eastern Thanlwin)

ဇင်ကြီး

တာချီလိတ်မြို့အတွင်းမှာ အုတ်၊ သဲ၊ ကျောက် အစရှိတဲ့ အိမ်ဆောက်ပစ္စည်းတွေတင်ဆောင်တဲ့ ကားအများစုက ဌာနဆိုင်ရာတွေ ညွှန်ကြားချက်အတိုင်း လိုက်နာမှုမရှိဘဲ မြို့တွင်းသွားလာနေလို့ အများပြည်သူများအန္တရာယ်ကျရောက်နိုင်ကြောင်း သိရပါတယ်။

မြို့တွင်းလမ်းမပေါ်တွင် သဲနှင့် ကျောက်များကို မိုးကာမအုပ်ဘဲ တင်ဆောင်လာပါက ကားသွားလာစဉ် လေတိုက်ခတ်မှုကြောင့် သဲမှုန့်များ လွင့်စင်နိုင်သလို လမ်းအခြေအနေမညီညာတဲ့ နေရာများတွင် ကျောက်စများ လမ်းပေါ်သို့ ပြုတ်ကျနိုင်တဲ့အပြင် နောက်မှလိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ မော်တော်ယာဉ်များအတွက် မတော်တဆမှုဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

အရှေ့သံလွင်သတင်းဌာနအနေဖြင့် အိမ်ဆောက်ပစ္စည်းများကို စည်းကမ်းနဲ့အညီ မတင်ဆောင်ဘဲ မြို့တွင်းသွားလာနေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

ယာဉ်ထိန်းရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ အရင်က အဖွဲ့လိုက် တာဝေမီးစက်အနီးမှာ မကြာခဏ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ မြို့တွင်းမှာ တွေ့ရှိတဲ့အခါ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“အရင်ကတော့ အဖွဲ့လိုက် တာဝေမီးစက်နားမှာ ခဏခဏဖမ်းတယ်။ အခုနောက်ပိုင်းတော့ မြို့ထဲတွေမှာ ကြုံရင်ကြုံသလိုဖမ်းပါတယ်။ တချို့ကတော့ စည်ကမ်းလိုက်နာကြပါတယ်။ တချို့ကတော့ ဟိုနား ဒီနားလေးမို့ နီးနီးလေးပါဆိုပြီး စည်းကမ်းမလိုက်နာတာတွေလည်းရှိတယ်။” လို့ သက်ဆိုင်ရာဝန်ရှိသူ ယဥ်ထိန်းရဲမှ အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။

အိမ်ဆောက်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ သဲ၊ ကျောက်နဲ့ လွင့်ထွက်စေနိုင်သော ကုန်ပစ္စည်းများကို သယ်ယူရာတွင် လမ်းပေါ်ကို ပစ္စည်းများ ပြန့်ကျဲခြင်း၊ ဖုန်မှုန့်များ လွင့်စင်ခြင်းတို့ မဖြစ်စေရန် မိုးကားများဖြင့်စနစ်တကျအုပ်နှံထားပြီး ပစ္စည်းများကို ခိုင်မြဲစွာချည်နှောင်ထားခြင်းဆို့ပြုလုပ်ရန် ယာဉ်မောင်းများအနေ ဖြင့် လိုက်နာဖို့လိုအပ်နေတာပါ။

#အုတ်၊သဲ၊ကျောက်တင်ကား

#မိုးကာမအုပ်

#မြို့အတွင်း

#ယာဥ်အန္တရာယ်

ဆက်စပ်သတင်းများ

Eastern Thanlwin