၂၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
TNA
နေပြည်တော်တပ်ကုန်းမြိုနယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ရန်ကုန်ဘက်ခြမ်း ကင်းသာလမ်းခွဲ ပင်လောင်းလမ်းဆုံမှာ ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ယမန်နေ့ အောက်တိုဘာ (၂၃)ရက်၊ ည (၁၀)နာရီ (၁၀)မိနစ်အချိန်၊ ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ တပ်ကုန်းမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပုပ္ပါးကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာမှာ မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အအေးပေးခြင်း လုပ်ငန်းများဖြင့် ဆောင်ရွက်ခဲ့ရာ မီးငြိမ်းခဲ့ပါတယ်။
#ရန်ကုန်-မန္တလေးလမ်းဟောင်း
#ယာဉ်(၁)စီး

