ကလိန်အောင်မြို့ နယ်မှာ ရော်ဘာစေပြား ဈေကောင်းရရှိနေ
၂၃ အောက်တိုဘာ
(Eastern ThanLwin
) TNA တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်အတွင်း ယခုနှစ် ရော်ဘာခြံခြစ်ရာသီအစ ရော်ဘာစေးပြား တစ်ပေါင်ကို ငွေကျပ် ၃၀၀၀ နဲ့ ဈေးကောင်းရရှိနေတယ်လို့ ဒေသတွင်းသတင်းများအရ သိရပါတယ်။ ယခုနှစ် ရော်ဘာရာသီအစ ရော်ဘာပေါ်ချိန် ယခင်နှစ်များကထက် ဈေးနှုန်းပိုမိုရရှိနေခြင်းဖြစ်ပြီး ရော်ဘာဈေးကွက်မှာ စေးပြား တစ်ပေါင်ကို ငွေ ၃၀၀၀ ကျပ်ရရှိနေတယ်လို့ ဒေသခံ ရော်ဘာစိုက်လုပ်ငန်းရှင်များနဲ့ ခြံလုပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

