Language:

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေကို ကျပ်ဘီလီယံ ၇၀၀၀ ကျော် ထပ်မံတောင်းခံ


၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေကို ကျပ်ဘီလီယံ ၇၀၀၀ ကျော် ထပ်မံတောင်းခံ

၁၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

NPW

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရဲ့ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ်ဘီလီယံ ၇၀၀၀ ကျော် ခွင့်ပြုပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတောင်းခံခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်‌ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အောက်တိုဘာ ၁၆ ရက် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်ဌာနနဲ့ အဖွဲ့အစည်းအလိုက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု စုစုပေါင်းမှာ ကျပ် ၇၄၆၈ ဒဿမ ၇၀၂ ဘီလီယံဖြစ်ပြီး ဖြည့်စွက်ခွင့်ပြုငွေတောင်းခံတဲ့ ပြည်ထောင်စုအဆင့်ဌာနနဲ့ အဖွဲ့အစည်းတွေထဲမှာ ဝန်ကြီးဌာနတွေက ကျပ် ၆၈၄၄ ဒဿမ ၉၁ ၃ ဘီလီယံနဲ့ အများဆုံးဖြစ်ပါတယ်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကျပ် ၂၀၈ ဒဿမ ၉၆၉ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်နဲ့ ပြင်ပကဆောင်ရွက်တဲ့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ပို့ဆောင်ရေးက ကျပ် ၈၉ ဒဿမ ၂၁၃ ဘီလီယံနဲ့ ရန်ကုန်လျှပ် စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းက ၁၇၅ ဒဿမ ၅၀၀ ဘီလီယံ တို့နဲ့ ဒုတိယအများဆုံးဖြစ်ကြပါတယ်။

ဒါ့အပြင် ဗဟိုအဖွဲ့အစည်းတွေက ကျပ် ၂၀ ဒဿမ၇၇၃ ဘီလီယံ၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့တွေက ကျပ် သုည ဒဿမ ၀၁၀ ဘီလီယံ၊ နေပြည်တော်ကောင်စီက ၄၀ ဒဿမ ၁၆၅ ဘီလီယံ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၅၀ ဒဿမ ၅၄၆ ဘီ လီယံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပကဆောင်ရွက်တဲ့ လူမှုဖူလုံရေးအဖွဲ့က ကျပ် ၃၈ ဒဿမ ၅၉၅ ဘီလီယံ အသီးသီးတောင်းခံထားကြပါတယ်။

ဖြည့်စွက်ခွင့်ပြုငွေတောင်းခံတာတွေကို တတ်နိုင်သမျှ မဖြစ်မနေလိုအပ်မှသာ တောင်းခံသွားဖို့၊ မူလခန့်မှန်းခြေငွေစာရင်းမှာ ပဲ တောင်းခံသင့်တာတွေကို ဖြည့်စွက်ခွင့်ပြုငွေမှာ တောင်းခံခြင်းမပြုဖို့နဲ့ နိုင်ငံခြားငွေနဲ့ ဝယ်ယူရမယ့် အသုံးစရိတ်တွေကို မ ဖြစ်မနေ ကိစ္စတွေကလွဲပြီး မတောင်းဖို့ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေကို အကြောင်းကြားထားတယ်လို့လည်း ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဆိုပါတယ်။

ဒါ့အပြင် ဖြည့်စွက်ခွင့်ပြုငွေရဲ့သဘောအရ ထပ်မံတောင်းခံထားတဲ့ ဘတ်ဂျက်ကို အချိန် ၄ လအတွင်း သုံးစွဲရမှာဖြစ်လို့ ၄ လ အတွင်း အမှန်သုံးစွဲနိုင်မယ့်ကိစ္စတွေ၊ ဆောင်ရွက်ဆဲစီမံကိန်းတွေနဲ့ ဦးစားပေးလိုအပ်တဲ့ကိစ္စတွေအတွက်ပဲ ဦးစားပေးတောင်း ခံရမှာဖြစ်ပါတယ်။

၂၀၂၆-၂၇ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေငွေစာရင်းရဲ့ ဘက်ဂျက်လိုငွေမှာလည်း ကျပ် ၈၉၈၅ ဒဿမ ၁၈၁ ဘီလီယံရှိနေပြီး လို ငွေနဲ့ ဂျီဒီပီအချိုးမှာ ၄ ဒဿမ ၆၁ ရာခိုင်နှုန်းဖြစ်တယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ တင် ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအပ်ငွေစာရင်းရဲ့ လိုငွေ ကျပ် ၂၁၀၀ ဘီလီယံကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ချေးယူဖို့ကိုလည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။

#၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်

#ပြည်ထောင်စုအစိုးရ

#ထပ်မံတောင်းခံ

#လွှတ်တော်

ဆက်စပ်သတင်းများ

Eastern Thanlwin