Language:

ဌာနဆိုင်ရာ အယောင်ဆောင်ပြီး ဟိုတယ်နဲ့ လုပ်ငန်းရှင်တွေကို ခြိမ်းခြောက် ငွေလိမ်မှုဖြစ်ပွား


ဌာနဆိုင်ရာ အယောင်ဆောင်ပြီး ဟိုတယ်နဲ့ လုပ်ငန်းရှင်တွေကို ခြိမ်းခြောက် ငွေလိမ်မှုဖြစ်ပွား

၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တာချီလိတ်မြို့က ဟိုတယ်လုပ်ငန်းတစ်ခုကို အကြမ်းဖက်နိုမ်နင်းရေးတပ်ဖွဲ့က တာဝန်ရှိသူ အယောင်ဆောင်ကာ ဖုန်းဆက်သွယ်ပြီး ငွေကြေးလိမ်လည်ဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တစ်ခု ဒီနေ့ အောက်တိုဘာ(၁၄)ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။

ဟိုတယ်အတွင်း တရားမဝင်သည့် လုပ်ငန်းများလုပ်ကိုင်နေတဲ့အတွက် စစ်ဆေးဖမ်းစီးရန် အစီအစဉ်ရှိကြောင်း စစ်ဆေးဖမ်းဆီးမှု မခံလိုလျှင် Kpay နဲ့ ငွေကြေးပေးရန် အကြမ်းဖက်နိုမ်နင်းရေးတပ်ဖွဲ့တစ်ခုက တာဝန်ရှိသူ ဗိုလ်မှူး ထက်မြက်သူရအမည်နဲ့ လူတစ်ဦးမှ ဟိုတယ်ရဲ့ ဖုန်းကို ဆက်သွယ်လာကာ တာဖြစ်ပါတယ်။

“ဟိုတယ်က အဖွဲ့အစည်းတစ်ခု ခြိမ်းခြောက်ပြီးပိုက်ဆံတောင်းနေတယ်လို့ ကျွန်တော်တို့ဆီ ဖုန်းဆက်လာလို့ ဖြစ်စဉ်လိုက်စုံစမ်းလိုက်တော့ အကြမ်းဖက်နိုမ်နင်းရေးက ဗိုလ်မှူးဆိုပြီး လိမ်နေတာဖြစ်နေတယ်” ”လို့ တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဟိုတယ်နဲ့ ရဲတပ်ဖွဲ့မှ ပူးပေါင်းပြီး လိမ်တဲ့သူကို “ပိုက်ဆံလိုချင်ရင် အပြင်မှာလာယူပါလို့” ချိန်းဆိုလိုက်တဲ့အခါ လိမ်လည်သူမှ “သူမအားဘူး၊ ဘယ်တိုင်းမှူးနဲ့ ဘယ်မှာအစည်းအဝေးလုပ်နေတယ်၊ လူတစ်ယောက်ကိုလွှတ်လိုက်မယ်” ဆိုကာ လူတစ်ဦးကို လွှတ်လိုက်တယ်လို့ သိရှိရပါတယ်။

ဟိုတယ်ကို ငွေလာယူသူမှာ ဆိုင်ကယ်တက္ကစီသမားဖြစ်နေပြီး ၄င်းအား အမည်မသိ အမျိုးသားတစ်ဦးမှ ဖုန်းဆက်သွယ်လာကာ ဟိုတယ်တစ်ခုမှာ ငွေကြေးသွားယူစေခိုင်းပြီး Kpay ကတဆင့် ပြန်လည်လွှဲခိုင်းရန်စေခိုင်းထားတာနေတဲ့ အတွက် ရဲတပ်ဖွဲ့မှ စစ်ဆေးပြီး ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။

ရဲတပ်ဖွဲ့က ငွေကြေးလိမ်လည်ဖို့ ဖုန်းဆက်သွယ်လာတဲ့ ဖုန်းနံပါတ်နဲ့ လိုက်လံ စစ်ဆေးရာ ဖုန်းဆက်လာသူရဲ့ Location မှာ ရန်ကုန်မြို့မှဖြစ်ပြီး ယခုလို တာချီလိတ်မြို့ပေါ်က ဟိုတယ်နဲ့ လုပ်ငန်းရှင်တွေကို ဌာနဆိုင်ရာ အာဏာပိုင်အမည်ခံပြီး ခြိမ်းခြောက်ကာ ငွေလွှဲခိုင်းပြီး လိမ်လည်နေတာ (၃/၄)ဦးခန့်ရှိနေပြီဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

ယခုလို ဖြစ်စဉ်နဲ့ပါတ်သတ်ပြီး Social Media နဲ့ ဖုန်းများကို ဆက်သွယ်ကာ ဆိုင်ကယ်တက္ကစီသမားများမှတဆင့် ကုန်ပစ္စည်းဝယ်ယူခိုင်းကာ လိမ်လည်မှုမျိုးအပြင် အခုလို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အမည်/ရာထူးနဲ့ တပ်ဖွဲ့အမည်သုံးပြီး ခြိမ်းခြောက်ကာ လိမ်လည်မှုကျူးလွန်နေတာတွေရှိတဲ့အတွက် မသင်္ကာဖွယ် ဆက်သွယ်လာမှုတွေကို ဒေသခံများက တိုင်တန်းအသိပေးဖို့ သက်ဆိုင်ရာကလဲ တိုက်တွန်းထားပါတယ်။

#လိမ်လည်မှု

#ကျားဖြန့်

#အာဏာပိုင်အယောင်ဆောင်

#ဟိုတယ်

#တာချီလိတ်

ဆက်စပ်သတင်းများ

Eastern Thanlwin