၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
အင်ဒိုနီးရှားတောမီးများမှ မီးခိုးများ ပြင်းထန်လာသဖြင့် စင်ကာပူမှာ အောက်တိုဘာ ၁၄ ရက်၌ လေထုညစ်ညမ်းမှု ယခုနှစ် အမြင့်ဆုံးအဆင့်သို့ ရောက်ခဲ့ပြီး တီမောလက်စ်တေ အစိုးရကလည်း ကျောင်းများကို (၃)ရက် ပိတ်မယ်လို့ ကြေညာခဲ့ပါတယ်။
တောမီးများမှ မီးခိုးများမှာ စင်ကာပူ အနောက်ပိုင်း၌ တစ်နာရီ PM2.5 တိုင်းတာမှုမှာ ၂၈၄ မိုက်ခရိုဂရမ်အထိ ရောက်ခဲ့ပြီး ၎င်းမှာ အမျိုးသား ပတ်ဝန်းကျင် အေဂျင်စီ၏ အလွန်မြင့်မားတဲ့ အဆင့်အတွင်း ဝင်ရောက်ခဲ့ပြီး ယခု မီးခိုးကာလတွင် ပထမဆုံး အကြိမ်ဖြစ်ပြီး အလယ်ပိုင်းမှာလည်း ၂၀၆ အထိ ရောက်ခဲ့တယ်လို့ တိုင်းတာမှုများအရ သိရပါတယ်။
၂၄ နာရီအတွင်း လေထု အရည်အသွေး ညွှန်းကိန်း PSI မှာလည်း ဒေသ ၅ ခုစလုံးတွင် ကျန်းမာရေးနှင့် မညီညွတ်သော အဆင့်၌ ရှိနေပြီး မီးခိုးများမှာ ကာလီမန်တန်နှင့် ဆူမားတြား တောင်ပိုင်းမှ မီးများကြောင့် ဖြစ်ပြီး အရှေ့တောင် လေများက စင်ကာပူဘက်သို့ သယ်ဆောင်လာကြောင်း နောက်ထပ် ၂၄ နာရီအတွင်း အခြေအနေ ဆက်လက်ဆိုးရွားနေနိုင်ကြောင်း NEA က အေဂျင်စီက ခန့်မှန်းထားသည်။
အိမ်နီးချင်း ဒေသများမှ တောမီးများကြောင့် လေထု ညစ်ညမ်းလာရပြီး တီမောလက်စ်တေ အစိုးရက အောက်တိုဘာ ၁၅ ရက်မှ စတင်၍ လူကိုယ်တိုင် တက်ရောက်ရသော သင်ကြားမှုများကို (၃) ရက် ရပ်ဆိုင်းမည်ဟု ထုတ်ပြန်ခဲ့ပါတယ်။
အင်ဒိုနီးရှားမှာ အယ်လ်နီညို ရာသီကြောင့် ၁၁ နှစ်အတွင်း အပြင်းထန်ဆုံး တောမီးရာသီကို ရင်ဆိုင်နေရပြီး မီးခိုးများကြောင့် အင်ဒိုနီးရှား ပြည်တွင်း၌ အသက်ရှူလမ်းကြောင်း ရောဂါများ တိုးလာတယ်လို့ ဆိုပါတယ်။
အဆိုပါ တောမီးကို ငြှိမ်းသတ်ရန် မီးသတ်သမား ၆၉,၀၀၀ ကျော်ကို စေလွှတ်ထားပြီး ထပ်မံ၍ မီးသတ်တပ်ဖွဲ့များ အပါအဝင် အရင်းအမြစ်များ ထပ်မံ စေလွှတ်ရန် အင်ဒိုနီးရှား သမ္မတ Prabowo Subianto က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

