၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
ဗာတီကန်က အောက်တိုဘာ ၁၃ ရက်တွင် ဆေးဘက်ဆိုင်ရာ ထုတ်ပြန်ချက် ထုတ်ခဲ့ပြီး အသက် ၇၁ နှစ် အရွယ် ပုပ်ရဟန်းမင်း လီယို ၁၄ ၏ ညာဘက် အဆုတ်မှ အောက်ပိုင်း အပိုင်းကို ခွဲစိတ် ဖယ်ရှားခဲ့ကာ ခွဲစိတ်မှုအတွင်း စစ်ဆေးမှုများက အဆုတ် အဒီနိုကာစီနိုမာ ဟုခေါ်သော ကင်ဆာအမျိုးအစား ဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။
၎င်းသည် အဖြစ်များသော အဆုတ်ကင်ဆာ အမျိုးအစား တစ်ခု ဖြစ်ပြီး ခွဲစိတ်မှုမှာ မိနစ် ၉၀ ခန့် ကြာမြင့်ခဲ့ကာ ပြဿနာ တစုံတရာ မရှိခဲ့ဘဲ အောင်မြင်ခဲ့တယ်လို့ ဆရာဝန်များက ဆိုသည်။
ပုပ်ရဟန်းမင်းသည် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုမှာ တွေ့ရတဲ့ အဆုတ်က အဖုငယ်ကို ဖယ်ရှားရန် ရောမမြို့ရှိ ဂျီမယ်လီ ဆေးရုံသို့ သွားခဲ့ရာကနေ အဖုကို တွေ့ရှိကြောင်း ကိုယ်တိုင် ပြောကြားခဲ့တာပါ။
ခွဲစိတ်မှုမှာ ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး ခွဲစိတ်မှု ပြီးနောက် သူသည် ပုံမှန်အတိုင်း သတိရလာခဲ့ပြီးနောက် ဆေးရုံ ၁၀ လွှာရှိ သူ့အခန်းမှာ အနားယူခဲ့တယ်လို့ ဗာတီကန်က ဆိုပါတယ်။
ဦးဆောင် ခွဲစိတ်သူက ဒေါက်တာ စတက်ဖာနို မာဂါရီတိုရာ ဖြစ်ပြီး ကင်ဆာတစ်ရှူး အားလုံးကို ဖယ်ရှားနိုင်ရန် ဗီဒီယို အကူအညီသုံး နည်းလမ်းဖြင့် ဖယ်ရှားခဲ့ခြင်း ဖြစ်သည်ဟု ဆရာဝန်များက ဆိုပါတယ်။
လီယိုသည် ၂၀၂၅ ခုနှစ် မေလတွင် ပုပ်ရဟန်းမင်း ဖြစ်လာခဲ့ပြီး ၎င်းသည် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ် ဘာသာဝင် ၁.၄ ဘီလီယံခန့်၏ ခေါင်းဆောင် ဖြစ်ပြီး ယခင်က သူ့တွင် ကျန်းမာရေး ပြဿနာ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ ဆိုပြီး ပုံမှန် လုပ်ငန်းများသာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပုပ်ရဟန်းမင်းသည် ဆေးရုံမှာ တစ်ပတ်ခန့် နေရမည်ဟု မျှော်မှန်းထားပြီး လူထုတွေ့ဆုံမှုများကို အောက်တိုဘာ ၂၀ ရက်အထိ ဖျက်သိမ်းထားပါတယ်။
နောက်ဆုံး စစ်ဆေးမှု ရလဒ်များ ထွက်လာပါက နောက်ထပ် ကုသမှု လိုအပ် မလိုအပ် ဆုံးဖြတ်မည်ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်မှ ၁၇ ရက်အထိ သွားရန် စီစဉ်ထားသော ဥရုဂွေး၊ အာဂျင်တီးနားနှင့် ပီရူး ခရီးစဉ်ကို ဆက်လက် ပြုလုပ်နိုင်မည် မမည်ကိုလည်း မသိရသေးပေ။

