Language:

မယ်ဆိုင်နယ်စပ်မှ သယ်ဆောင်လာတဲ့ အိုက်စ် ၃၅၀ ကီလိုကို ချင်းရိုင်မှာ ဖမ်းဆီးရမိ


မယ်ဆိုင်နယ်စပ်မှ သယ်ဆောင်လာတဲ့ အိုက်စ် ၃၅၀ ကီလိုကို ချင်းရိုင်မှာ ဖမ်းဆီးရမိ

၁၄ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မှ သယ်ဆောင်လာတဲ့ အိုက်စ် ၃၅၀ ကီလိုကို ထိုင်းရဲတပ်ဖွဲ့က ချင်းရိုင်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ ရက် နံနက် ၁၀ နာရီခန့်က ဖန်ခရိုင်၊ ပူကဲန်စစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့က သတင်းအရ ကုန်တင်ကားကို ရပ်တန့် စစ်ဆေးခဲ့ရာ မူးယစ်ဆေးများကို ကုန်တင်ကားတစ်စီးရဲ့ လျှို့ဝှက်အခန်းမှာ ရေသန့်ဘူးများဖြင့် ဝှက်ပြီးတင်ဆောင်လာတယ်လို့ သိရပါတယ်။

ကားပေါ်ပါ အသက် ၃၂ နှစ်အရွယ် အမျိုးသားနှင့် အသက် ၃၃ နှစ်အရွယ် အမျိုးသမီးကို ဖမ်းဆီးထားကာ ယာဉ်မောင်းက ယခင်ကလည်း အလားတူ ပို့ဆောင်မှု (၃) ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်ဟု သတင်းများက ဆိုသည်။

ဖမ်းဆီးရမိသူ နှစ်ဦးမှာ နွန်ခိုင်ခရိုင်၊ ဖောင်ရိုင် ဒေသမှ လင်မယား ၂ ဉီးဖြစ်တယ်လို့ ဆိုပြီး မူးယစ်ဆေးများကို မြန်မာနယ်စပ်နှင့် နီးသော မယ်ဆိုင်အနီးတွင် တင်ယူခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

၎င်းတို့ ပို့ရမည့် နေရာမှာ ဘန်ကောက်အနီးရှိ စမွတ်ပရာကန်ခရိုင်ဖြစ်ကာ အဆိုပါ ကားသည် ဖာဟွန်ယိုထင် လမ်းမကြီးအတိုင်း ဖန်ခရိုင်ကို ဖြတ်၍ သွားနေခဲ့ခြင်းဖြစ်ရာ ရွှေတြိဂံဒေသမှ ထိုင်းနိုင်ငံသို့ မူးယစ်ဆေး သယ်ဆောင်သော လမ်းကြောင်းများထဲမှ တစ်ခုအဖြစ် လူသိများပါတယ်။

ထိုင်းရဲတပ်ဖွဲ့က သံသယရှိသူများကို ဖန်ရဲစခန်းသို့ လွှဲပြောင်းထားကာ နောက်ကွယ်မှ ငွေကြေး ထောက်ပံ့သူတွေနဲ့ စီစဉ်သူများကို ဖော်ထုတ်ရန် မူးယစ်ဆေး နှိမ်နင်းရေး အထူးအဖွဲ့များက စုံစမ်းနေပါတယ်။

#မယ်ဆိုင်နယ်စပ်

#သယ်ဆောင်လာ

#အိုက်စ်၃၅၀ကီလို

#ချင်းရိုင်

#ဖမ်းဆီးရမိ

#မူးယစ်ဆေး

#ရွှေတြိဂံဒေသ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin