Language:

မြန်မာနယ်စပ်သို့ တရုတ်လုပ်သားပို့ဆောင်သည့်အမှု ထိုင်းနိုင်ငံသားကို ထပ်မံဖမ်းဆီးရမိ


မြန်မာနယ်စပ်သို့ တရုတ်လုပ်သားပို့ဆောင်သည့်အမှု ထိုင်းနိုင်ငံသားကို ထပ်မံဖမ်းဆီးရမိ

၁၂ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

IM

ထိုင်းရဲတပ်ဖွဲ့ ရာဇဝတ်မှု နှိမ်နင်းရေးဌာနမှ အရာရှိများက တက်ခ်ပြည်နယ် ဖို့ဖရာခရိုင် ခီရီရတ် ကျေးရွာအုပ်စုရှိ နေအိမ်တစ်အိမ်မှာ ထိုင်းနိုင်ငံသား ဆူရီယာဆိုသူကို မြန်မာနယ်စပ်သို့ ပို့မည့် တရုတ်အလုပ်ရှာသူများ အမှုမှာ ပါဝင်ပတ်သက်သည်ဟု ဆိုကာ စနေနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူသည် တရုတ် အလုပ်ရှာသူ (၃)ဦးကို မြန်မာနယ်စပ်ဘက်သို့ ပို့ဆောင်ရာမှာ ပါဝင်တယ်လို့ဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မဲဆောက် ပြည်နယ် တရားရုံးက ယခုလအစောပိုင်းမှာ ဖမ်းဝရမ်းကို ထုတ်ထားခဲ့ပြီး စွပ်စွဲချက်များမှာ ပြန်ပေးဆွဲမှု တရားမဝင် ပို့ဆောင်မှုတို့ ဖြစ်ပြီး ဖမ်းဆီးခံရသူ ဆူရီယာက စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်ဟု သတင်းများက ဖော်ပြထားပြီး ရဲတပ်ဖွဲ့က သူ့ကို ဥပဒေအရ အရေးယူရန် ဒေသခံ အာဏာပိုင်များထံ လွှဲပြောင်းပေးထားပါတယ်။

ဤအမှုသည် စက်တင်ဘာလ ၇ ရက်က ကယ်ဆယ်မှုမှ စတင်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က တက်ခ်ပြည်နယ်အတွင်း သံသယဖြစ်ဖွယ် ပစ်ကပ်ကား တစ်စီးကို ရပ်တန့် စစ်ဆေးခဲ့ရာ ကားပေါ်တွင် အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်း သမ် ဆိုသူနှင့် ကျန်း ကျင်ချန်း အသက် ၃၁ နှစ်၊ ကျန်း ရွှီ အသက် ၂၇ နှစ်နှင့် လျန် အောင် အသက် ၃၀ နှစ်ရှိ တရုတ်နိုင်ငံသား (၃) ဦး လိုက်ပါလာတာပါ။

တရုတ်နိုင်ငံသား(၃) ဦးလုံးရဲ့ မျက်နှာကို အညိုရောင် တိတ်နဲ့ ဖုံးအုပ်ခံထားကာ လက်များကိုလည်း လက်ထိပ်ခတ်ထားပြီး ရဲတပ်ဖွဲ့က သူတို့ကို နယ်စပ်မဖြတ်မီ အချိန်မီ ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး ယာဉ်မောင်း သမ်ကိုလည်း အဲ့ဒီနေ့မှာပဲ ဖမ်းဆီးခဲ့တယ်လို့ သတင်းအရ သိရပါတယ်။

ကယ်ဆယ်ခံရသူများက သူတို့သည် အလုပ်ရှာရန် ထိုင်းနိုင်ငံသို့ လာခဲ့တာဟု ပြောဆိုကာ အင်တာနက်ပေါ်မှ အလုပ်ပွဲစားများက ချင်းမိုင်နှင့် ဆူခိုထိုင်းတွင် လစာကောင်းသော အလုပ်များ ရမည်ဟု ကတိပေးခဲ့သောကြောင့် သူတို့သည် စက်တင်ဘာလအစတွင် လေယာဉ်ဖြင့် ရောက်လာခဲ့ပြီး ရက်အနည်းငယ်သာ ကြာသေးသည်ဟု ထွက်ဆိုသည်။

ထို့နောက် ကားတစ်စီးက သူတို့ကို တောထဲသို့ ခေါ်သွားပြီး ချည်နှောင် ဖုံးအုပ်ခြင်းမှာ လမ်းကြောင်း မသိစေရန် ထိုသို့ လုပ်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ပြောဆိုထားပြီး မြန်မာဘက်မှ အခြားအဖွဲ့ထံ လွှဲပေးရန် စီစဉ်ထားခဲ့ကာ ယာဉ်မောင်း ထွက်ဆိုချက်အရ သူ့ကို လူနှစ်ဦးက ငှားရမ်းခဲ့တာပါဟု ဆိုသည်။

ထိုနှစ်ဦးသည် လမ်းကြောင်း ကင်းထောက်ရန် ရှေ့မှ ကားတစ်စီးဖြင့် မောင်းနှင်ခဲ့ကာ စုံစမ်းသူများက ထိုသူများထဲမှ တစ်ဦးသည် ဆူရီယာ ဖြစ်ကြောင်း ချိတ်ဆက် ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

တက်ခ်ပြည်နယ်မှာ မြန်မာနိုင်ငံနဲ့ ထိစပ်နေပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများ မကြာခဏ ဖြစ်ပေါ်နေကာ အလုပ်အကိုင် အတုဖြင့် လိမ်ခေါ်ပြီး နယ်စပ်တစ်ဖက်ရှိ လိမ်လည်မှု လုပ်ငန်းများထံ လူပို့သည့် ကွန်ရက်များကိုလည်း အာဏာပိုင်များက စောင့်ကြည့်နေပါတယ်။

ယခုဖမ်းဆီးမှုသည် ထိုကွန်ရက်ကို ဖော်ထုတ်ရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်း ဖြစ်ကာ ရဲတပ်ဖွဲ့က ကျန်ရှိနေသော အဖွဲ့ဝင်များကို ဆက်လက် ရှာဖွေနေပါတယ်။

ဆူရီယာသည် စက်တင်ဘာလ ကယ်ဆယ်မှုနောက်ပိုင်း ဤအမှုတွင် ဖမ်းဆီးခံရသည့် ဒုတိယမြောက် ထိုင်းနိုင်ငံသား ဖြစ်ကာ စုံစမ်းမှုမှာ မပြီးသေးဘဲ ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဟု အာဏာပိုင်များက ပြောသည်။

ထိုကဲ့သို့ အလုပ်ကတိဖြင့် လိမ်ခေါ်သည့် နည်းလမ်းသည် ဒေသတွင်း လူကုန်ကူးမှုတွင် တွေ့ရများသော ပုံစံတစ်ခု ဖြစ်လာနေပါတယ်။

#မြန်မာနယ်စပ်

#ပို့မယ့် အလုပ်ရှာသူများ

#အမှုကနေ

#ဒုတိယမြောက်

#ထိုင်းနိုင်ငံသား

#ဖမ်းဆီးခံရ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia

ဆက်စပ်သတင်းများ

Eastern Thanlwin