Language:

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှစ်ဦး၊ ဗဟိုဘဏ် ဒုတိယဥက္ကဌ တစ်ဦးတို့ကို တာဝန်ကနေ အနားယူခွင့်ပြု


ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှစ်ဦး၊ ဗဟိုဘဏ် ဒုတိယဥက္ကဌ တစ်ဦးတို့ကို တာဝန်ကနေ အနားယူခွင့်ပြု

၁၀ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)

NPW

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှစ်ဦးနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ တစ်ဦးတို့ကို တာဝန်တွေကနေ အနားယူခွင့်ပြုလိုက်တယ်လို့ အောက်တိုဘာ ၉ ရက်မှာ နိုင်ငံတော် သမ္မတက ထုတ်ပြန်လိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတို့ကို တာဝန်တွေကနေ အနားပေးလိုက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန် ပေးလိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်ကိုလည်း တာဝန်ကနေ အနားပေးလိုက်သလို မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယ ဥက္ကဌဖြစ်တဲ့ ဦးဇော်မြင့်နိုင်ကိုလည်း အနားပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကို တင်ပြ အတည်ပြုချက်ရယူထားပြီးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေအဖြစ် ဒေါက်တာမျိုးဝင်းအောင်နဲ့ ဦးစောမျိုးမျိုးတို့ကို ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကို ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ရယူပြီး ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

#၀န်ကြီး သုံးဦးနဲ့

#ဗဟိုဘဏ်ဒုတိယဥက္ကဌတို့ကို

#အနားပေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin