Language:

မမြဆည် တာပေါင်အိကျသွားလို့ အနီရောင်အဆင့် အန္တရာယ်သတိပေးချက်ထုတ်ပြန်ထား၊ အနီးအနား ကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ခိုင်းနေ


မမြဆည် တာပေါင်အိကျသွားလို့ အနီရောင်အဆင့် အန္တရာယ်သတိပေးချက်ထုတ်ပြန်ထား၊ အနီးအနား ကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ခိုင်းနေ

၁၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မျှင်ဝါးတောင်ကျေးရွာ အနီးနားက မမြဆည်ဟာ ဆည်ရဲ့ တာဘောင် ကျိုးပဲ့အိကျသွားလို အနီရောင်အဆင့် အန္တရာယ်သတိပေးချက်ထုတ်ပြီး အနီးအနားက ကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ခိုင်းနေတယ်လို ဒေသခံတွေထံက သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ (၁၀)ရက် မနက် (၁၂) နာရီဝန်းကျင်ကတည်းက တာဘောင်အိကျသွားတာဖြစ်ပြီး တာဟာ ကျိုးနိုင်ခြေ ရာနှုန်းပြည့်ရှိနေတယ်လို့ အဆိုပါ တာရဲ့ အခြေအနေကို သိတဲ့ ဒေသခံ တစ်ဦးက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။

“ရွှေ့ ပြောင်းနေကြပါပြီ။ တာက ကျိုးဖို့ သေချာတယ်။ ပဲ့ကျသွားတဲ့နေရာက တည်းတည်းပဲကျန်တာ။ ဒီနေ့ခင်းတောင်မသေချာဘူး” လို ၎င်းက ဆိုပါတယ်။

မမြဆည်ဟာ မြန်အောင်နဲ့ အင်္ဂပူမြိုနယ်ထဲက နွေစပါးစိုက်လယ်တွေအတွက် ရေပေးဝေဖို ရည်ရွယ် တည်ဆောက်ထားတာဖြစ်ပြီး ဧက ၇၀၀၀၀ လောက် အကျယ်အဝန်းရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆည်ရဲ့ အနီးပတ်ဝန်းကျင်မှာ လူနေထူထပ်တဲ့ ထူးကြီးမြိုရှိပြီး မျှင်ဝါးတောင်၊ အုတ်ပုံ၊ တုပ်ကွင်း၊ ညောင်ခုံ၊ ရွာသစ်ကုန်း၊ ရွာသစ်စု၊ ကမ်းပဲ့၊ လက်ပံကွင်း၊ မကျည်းအုပ်စတဲ့ ကျေးရွာတွေလည်း ရှိပါတယ်။

ယနေ့ မနက်ပိုင်းအထိ သက်ဆိုင်ရာက လာရောက်ပြုပြင်တာတွေ မရှိသေးဘဲ ဆည်ရေထုတည်လျှော့ချနိုင်ရန် ဆည်ရေလွှတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက ဆည်နဲ့ မြစ်ရေကာတာတွေရဲ့ ကြံ့ခိုင်မှု အားနည်းလာတာကြောင့် ယခုနှစ် မိုးတွင်းကာလမှာ လေးမျက်နှာမြိုနယ်အတွင်းက ငဝန်တာကျိုးကျခဲ့ပြီး မြိုနယ် (၇) ခုက ကျေးရွာတွေ ရေဝင်နစ်မြုပ်ပြီး လူဦးရေသိန်းချီရေဘေးသင့်ခဲ့တဲ့အပြင် လယ်ဧက သိန်းချီ ပျက်စီးခဲ့ရပါသေးတယ်။

ဒါ့အပြင် ညောင်တုန်းမြိုနယ်ထဲက ချောင်းဖျားတာနဲ့ ဂန်ချောင်း- ထုံးဝ တာတွေလည်း တာဘောင်အိကျတာကြောင့် အရေးပေါ်ပြုပြင်မှုတွေ လုပ်ဆောင်ခဲ့ရပါသေးတယ်။

ယခု တာဘောင်အိကျသွားတဲ့ မမြဆည်မှာလည်း စက်တင်ဘာလဆန်းပိုင်းတုန်းကလည်း အလျှား ၇၅ ပေ လောက် အိကျသွားလို့ အရေးပေါ်ဝိုင်းဝန်းပြုပြင်မှုတွေ လုပ်ဆောင်ခဲ့ရပါသေးတယ်။

ဓာတ်ပုံ – ဒေသခံ

#မမြဆည်တာပေါင်အိကျ

#အနီရောင်အဆင့်

#သတိပေးချက်ထုတ်ပြန်ထား၊

#အနီးအနား

#ကျေးရွာတွေ

#အရေးပေါ်ပြောင်းရွှေ့ခိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin