၇ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
IM
ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၆ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၁ ဦးအထိ ရှိလာပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။
ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာနရဲ့ အစီရင်ခံစာအရ ဘန်ကောက်အပါအဝင် ပြည်နယ် ၂၆ ခုမှာ အိမ်ထောင်စု ၁,၁၇၅,၂၉၂ စုနဲ့ လူ ၃,၂၄၄,၀၉၁ ဦး ရေဘေးသင့်နေပြီး မြောက်ပိုင်းကနေ စီးဝင်လာတဲ့ ရေတွေကြောင့် အခြေအနေ ပိုဆိုးလာပါတယ်။
ဌာနအနေနဲ့ ရေထုတ်ရေး၊ လမ်းရှင်းလင်းရေးနဲ့ အစားအစာ၊ သောက်ရေနဲ့ ဆေးဝါးဖြန့်ဝေရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
အောက်တိုဘာ ၇ ရက် နောက်ဆုံးအခြေအနေအရ အစိုးရဟာ ရေဘေးသင့်အိမ်ထောင်စု တစ်စုကို ဘတ် ၉,၀၀၀ ထောက်ပံ့နေပြီး ငှားရမ်းနေထိုင်သူတွေအနေနဲ့ အိမ်ပိုင်ရှင်မဟုတ်ဘဲ ကိုယ်တိုင် လျှောက်ထားနိုင်ကြောင်း ရှင်းလင်းထားပါတယ်။
လက်ရှိမှာ လျှောက်ထားတဲ့ အိမ်ထောင်စု ၁.၀၅ သန်းကျော် ရှိလာပြီး လျှောက်ထားမှု အများဆုံးနေရာတွေကတော့ ဘန်ကောက်၊ စမွတ်ပရာကန်နဲ့ ပထွမ်ဌာနီ ပြည်နယ်တွေ ဖြစ်ပါတယ်။
အောက်တိုဘာ ၉ ရက်ကနေ ၁၃ ရက်အထိ မိုးထပ်ရွာနိုင်ကြောင်း ရာသီဥတုဌာနကလည်း သတိပေးထားပါတယ်။
