Language:

ချင်းရိုင်မှာ မှောင်ခိုစီးကရက် ၂၃၄,၀၀၀ ချောင်း ဖမ်းဆီး


ချင်းရိုင်မှာ မှောင်ခိုစီးကရက် ၂၃၄,၀၀၀ ချောင်း ဖမ်းဆီး

၇ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်းက ပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီတွေကို အောက်တိုဘာ (၃) ရက်က ထိုင်းအကောက်ခွန်အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားကနေ တင်သွင်းလာတဲ့ မှောင်ခိုစီးကရက် (၂၃၄,၀၀၀) တောင့် ဖမ်းဆီးရမိတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

စစ်ဆေးရာမှာ အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေ ဖြတ်သန်းထားကြောင်း အထောက်အထားစာရွက်စာတမ်း မရှိတဲ့ စီးကရက်တွေကို ပါဆယ်ထုပ်အများအပြားအတွင်းကနေ တွေ့ရှိခဲ့တာဖြစ်ပြီး စုစုပေါင်းတန်ဖိုးဟာ ထိုင်းဘတ် ၁ ဒသမ ၁၇ သန်းကျော်၊ မြန်မာငွေနဲ့ဆိုရင် သိန်း(၂)ထောင်ခန့် တန်ဖိုးရှိတယ်လို့ သိရှိရပါတယ်။

ဒီစစ်ဆေးမှုကို ထိုင်းအကောက်ခွန်ဦးစီးဌာန၊ အမှတ် ၃ ဒေသဆိုင်ရာ အကောက်ခွန်ရုံး၊ မှောင်ခိုမှု စုံစမ်းနှိမ်နင်းရေးအဖွဲ့နဲ့ မယ်ဆိုင်အကောက်ခွန်ဌာနတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ကိုင် X-ray စက်တွေ အသုံးပြုစစ်ဆေးခဲ့ပါတယ်။

အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေ မပြီးပြတ်သေးတဲ့ ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံအတွင်း တင်သွင်းထားတာဟာ ၂၀၁၇ ခုနှစ် ထိုင်းအကောက်ခွန်ဥပဒေအရ ပြစ်မှုမြောက်တာကြောင့် စီးကရက်တွေကို သက်သေအဖြစ် သိမ်းဆည်းပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အမှုကိစ္စ တရားဝင်လုပ်ထုံးလုပ်နည်းတွေအားလုံး ပြီးဆုံးပြီး အမှုအပြီးသတ်တဲ့အခါ သိမ်းဆည်းထားတဲ့ စီးကရက်တွေကို သတ်မှတ်လုပ်ထုံးလုပ်နည်းတွေအတိုင်း ဖျက်ဆီးသွားမှာဖြစ်ပါတယ်။

#မှောင်ခို

#စီးကရက်

#အကောက်ခွန်

#ချင်းရိုင်း

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin