၆ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
မြန်မာနိုင်ငံရှိ သတ္တုတွင်းများမှ အဆိပ်သင့်သတ္တုများ ထိုင်းနိုင်ငံဘက်သို့ မြစ်များမှတစ်ဆင့် စီးဝင်နေတယ်လို စုံစမ်းဖော်ထုတ်မှုတစ်ခုက ဆိုထားပါတယ်။
ကော့၊ ဆိုင်း၊ ရွက် နှင့် မဲခေါင်၊ သံလွင်နဲ့ ကရာဘူရီ မြစ် ၆ စင်းမှာ အာဆင်းနစ်၊ ကက်ဒမီယမ်နဲ့ ခဲ အပါအဝင် ညစ်ညမ်းမှုများ တွေ့ရှိရသည်ဟု အဆိုပါ စစ်တမ်းက ဆိုထားပါတယ်။
ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်ရှိ တွင်းများမှ သတ္တုများကို ထိုင်းကုမ္ပဏီ ၅၀ ကျော်က တင်သွင်းပြီး တရုတ်နိုင်ငံသို ပြန်လည် တင်ပိုနေတယ်လိုလည်း ဖော်ပြထားပါတယ်။
ချင်းရိုင်ဒေသခံများက သောက်သုံးရေနှင့် လယ်ယာများ ထိခိုက်သည်ဟု စိုးရိမ်ကာ စက်တင်ဘာလကုန်ပိုင်းက ဆန္ဒပြခဲ့ကြသည်ဟုဆိုထားပြီး ထိုင်းအာဏာပိုင်များက ရေအရည်အသွေးကို ဆက်လက်စစ်ဆေးနေရာ တင်သွင်းမှုများကို ပိုမိုထိန်းချုပ်ရန် တောင်းဆိုမှုတွေကလည်း ရှိနေပါတယ်။

