Language:

ရှမ်းပြည်နယ်လွှတ်တော် တတိယအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့) စတင်ကျင်းပ


ရှမ်းပြည်နယ်လွှတ်တော် တတိယအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့) စတင်ကျင်းပ

၅ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ရှမ်းပြည်နယ်လွှတ်တော် တတိယအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ အောက်တိုဘာ ၅ ရက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့သက်ဆိုင်တဲ့ ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။

အစည်းအဝေးမှာတော့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စိုင်းလုံကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ကြယ်ပွင့်ပြမေးခွန်း ၂၆ ခု မေးမြန်းခဲ့ကြပါတယ်။

မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက လွှတ်တော်တွင် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာနနှင့် အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အရ အသုံးခန့်မှန်းခြေငွေစာရင်းကို လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပေးပို့လာသည့် အမည်စာရင်းကိုလည်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြခဲ့ပြီး ယင်းအမည်စာရင်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပါတယ်။

ယနေ့ကျင်းပသည့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို အစီအစဉ်များအတိုင်း ဆောင်ရွက်ပြီးနောက် ရပ်နားခဲ့ကာ ဒုတိယနေ့အစည်းအဝေးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

#ရှမ်းပြည်နယ်

#လွှတ်တော်

#တတိယအကြိမ်

#စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့)

#လွှတ်တော်ကိုယ်စားလှယ်

#ဖွဲ့စည်းပုံအခြေခံဥပဒေ

#ရှမ်းပြည်နယ်လွှတ်တော်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin