Language:

အနောက်တောင် မုတ်သုန်လေ မြန်မာနိုင်ငံမှ ဆုတ်ခွာသော်လည်း အောက်တိုဘာလအတွင်း မုန်တိုင်း (၂) ကြိမ် ဖြစ်ပေါ်နိုင်သေးဟု မိုး/ဇလထုတ်ပြန်


အနောက်တောင် မုတ်သုန်လေ မြန်မာနိုင်ငံမှ ဆုတ်ခွာသော်လည်း အောက်တိုဘာလအတွင်း မုန်တိုင်း (၂) ကြိမ် ဖြစ်ပေါ်နိုင်သေးဟု မိုး/ဇလထုတ်ပြန်

၄ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

အနောက်တောင်မုတ်သုန်လေဟာ အောက်တိုဘာ (၂) ရက်က စတင်ပြီး မြန်မာနိုင်ငံထဲကနေ ဆုတ်ခွာသွားပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦစီးဌာနက အသိပေး ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုး/ဇလရဲ့ အသိပေးချက်အရ အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများက စက်တင်ဘာ (၁၅) ရက်က စတင် ဆုတ်ခွာလာပြီး စက်တင်ဘာ (၂၅) ရက်မှာ မြန်မာနိုင်ငံအလယ်ပိုင်း ၊ အောက်တိုဘာ (၂) ရက်မှာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားပြီဖြစ်တယ်လို့ ဆိုထားပါတယ်။

ယင်းကဲ့သို့ မုတ်သုန်လေ ဆုတ်ခွာသွားပြီဖြစ်သော်လည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းတွေ ဆက်လက်ဖြစ်ပေါ်နိုင်သေးတယ်လို့လည်း မိုး/ဇလက သတိပေးထားပါတယ်။

မိုး/ဇလက သတိပေးချက်အရ ယခုအောက်တိုဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်း ရပ်ဝန်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်မှာ ပို မိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယခု ၂၀၂၆ ခုနှစ်အတွင်း စူပါအယ်နီညို ရာသီဥတုဖြစ်ပေါ်ရန်ရှိနေတဲ့အတွက် နေ့အပူချိန်တွေ သာမန်ထက် အလွန်အမင်းမြင့်တက်ခြင်းနဲ့ မိုးခေါင်ရေရှားခြင်းစတဲ့ အစွန်းရောက် ရာသီဥတု အခြေအနေတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

ယခု အောက်တိုဘာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ နေ့အပူချိန်တွေကတော့ ပြည်နယ်နဲ့တိုင်း အများစုမှာ သာမန်အခြေ အနေသာရှိနေနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ အောက်တိုဘာလ ပျမ်းမျှအပူချိန်ထက် (၁.၅°C) အထက် ပိုမိုနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

#အနောက်တောင်မုတ်သုန်လေ

#မိုးလေဝသ

#မြစ်၀ကျွန်းပေါ်

#ကပ္ပလီပင်လယ်ပြင်

#မိုးဇလ

#မုန်တိုင်း

#အပူချိန်

#ရာသီဥတု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin