Language:

၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား တာချီလိတ်မြို့မှာ ကျင်းပ


၆၂ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား တာချီလိတ်မြို့မှာ ကျင်းပ

၁ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

စွန်ရဲ

၆၂ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁ ရက် မနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် တာ့ဟွာတရုတ်ဘုံကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်းက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒုတိယရဲချုပ်စိုးနိုင် ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားသို့ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ရဲဝန်ထမ်းဟောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များ၊ ရဲတပ်ဖွဲ့ မိသားစုဝင်များနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

ဆက်လက်ပြီး တာချီလိတ်မြို့အတွင်း မှုခင်းများကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးတို့ရဲ့ လက်မှတ်နဲ့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးတို့ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

#၆၂နှစ်မြောက်

#မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့

#အခမ်းအနား

#တာချီလိတ်မြို့

#ရဲဝန်ထမ်းဟောင်း

#အုပ်ချုပ်ရေးမှူး

#လုပ်ငန်းရှင်များ

#ဂုဏ်ပြုမှတ်တမ်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin