Language:

ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ MNDAA တို့ တွေ့ဆုံကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ နယ်စပ်ဂိတ်တွေ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆွေးနွေး


ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ MNDAA တို့ တွေ့ဆုံကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ နယ်စပ်ဂိတ်တွေ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

၂၅ ရက်၊ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

NPW

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့ တွေ့ဆုံကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ နယ်စပ်ဂိတ်တွေ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ၂၀၂၆ ခုနှစ် စက်တင်ဘာ (၂၄) ရက်မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာမှာ လောက်ကိုင်အထူးဒေသ(၁)ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးအတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပီပြင်အောင် ဆောင်ရွက်ဖို့၊ MNDAA ရဲ့ ရေရှည်လိုလားချက်ကို အစိုးရဘက်က ဖြေရှင်းပေးနိုင်တာတွေကို ပွင့်လင်းစွာ ဆွေးနွေးဖို့တို့ ပါဝင်ခဲ့ပါတယ်။

ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်ဖို့ လိုအပ်သ လို လတ်တလောဆုံးဖြတ်ဖို့ အခက်အခဲတွေရှိရင် နောင်လာမယ့် ဆွေးနွေးပွဲတွေမှာ ထပ်မံဆွေးနွေးပြီး ယုံကြည်မှု တည်ဆောက်ကာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ နှစ်ဖက်ရှာဖို့ NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့ပါတယ်။

MNTJP/MNDAA မှ MNTJP အထွေထွေအတွင်းရေးမှုး(၂) ဦးဖုန်ဝင်းနိုင်က လွတ်လပ်ပြီး ကြိုတင် ကန့်သတ်ချက် မထားတဲ့ ပုံစံနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ လမ်းကြောင်းကို ကြိုဆိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ သက်ဆိုင်သူအားလုံးရဲ့ သဘောထားကြီးမှုက အရေးကြီးကြောင်း၊ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသတည်ထောင်ရေးကို လျှောက်လှမ်းဖို့ ကိုင်စွဲထားကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ MNDAA ကို နိုင်ငံရေးပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရေး အပါအဝင် နယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်နိုင်ရေး၊ နယ်စပ်ဒေသကို ဖြတ်သန်းတဲ့ စီမံကိန်းတွေ ဖော်ဆောင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိစ္စတွေ၊ MNDAA ရဲ့ နိုင်ငံရေးတရားဝင်ဖြစ်‌စေရေး၊ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေး ဝါးနှိမ်နင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)အနေနဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ မိုင်းလားအဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)တို့နဲ့လည်း တွေ့ဆုံဆွေးနွေးထားပါသေးတယ်။

#ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ

#MNDAAတို့တွေ့ဆုံ

#ရွေးကောက်ပွဲ

#ဝင်ရောက်ယှဉ်ပြိုင်

#နယ်စပ်ဂိတ

#ပြန်လည်ဖွင့်လှစ်

#MNDAA

#SSPP

#NSPNC

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin