Language:

မြ၀တီမြို့မှာ ကားဗုံးကွဲမှုတွေ (၂)ကြိမ် ဆက်တိုက် ဖြစ်ပွား


မြ၀တီမြို့မှာ ကားဗုံးကွဲမှုတွေ (၂)ကြိမ် ဆက်တိုက် ဖြစ်ပွား

၁၄ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

ကရင်ပြည်နယ် မြ၀တီမြို့မှာ ယနေ့ စက်တင်ဘာ (၁၃) ရက် မနက်အစောပိုင်းက ကားဗုံးပေါက်ကွဲမှု (၂) ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို ဒေသခံတွေထံက သိရပါတယ်။

ဒီကနေ့ မနက်အစောပိုင်း (၁) နာရီ(၄၀)မိနစ်ဝန်းကျင်မှာ မြဝတီမြို့ ရဲစခန်းအနီးရှိ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးရှေ့မှာ ကားဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အလားတူ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးက ရေပူမီးပွိင့်အနီးမှာလည်း ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်ထိန်းရဲရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“လူထိခိုက်တာမရှိပါဘူး၊ တရားခံလည်း မမိသေးဘူး” လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုများကြောင့် မော်တော်ယာဉ်တချို့ မီး လောင်ပျက်စီးမှုရှိခဲ့ပေမယ့် ညဘက်အချိန်ဖြစ်တာကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို သိရပါတယ်။

အဲဒီ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို မည်သည့်အဖွဲက လုပ်ဆောင်တယ်ဆိုတာကို မသိရသေးတဲ့အပြင် ကျူးလွန်သူတွေကို ဖမ်းမိခြင်း မရှိသေးဘူးလိုလည်း သိရပါတယ်။

#မြ၀တီမြို့မှာ

#ကာဗုံးကွဲမှုတွေ(၂)ကြိမ်

#ကရင်ပြည်နယ်

#ကားဗုံးပေါက်ကွဲ

#မော်တော်ယာဉ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin