Language:

(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအနေနဲ့ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းပွဲ ကျင်းပ


(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအနေနဲ့ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းပွဲ ကျင်းပ

၁၂ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဓာတ်ပုံ – စွန်ရဲ

PhotoNews

တာချီလိတ်ခရိုင် မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအနေနဲ့ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းမှာ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၁၅၀ ဦး ပါဝင်ကာ ခရိုင်ပြည်သူ့ဆေးရုံကြီး ပတ်ဝန်းကျင်အတွင်းရှိ သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်စုစုပေါင်း ၆၇ ဦးတို့ကလည်း စုပေါင်းသွေးလှူဒါန်းခဲ့ကြတယ်လို့ သိရှိရပါတယ်။

#၆၂နှစ်မြောက်

#ရဲတပ်ဖွဲ့နေ့

#ပြည်သူ့ဆေးရုံ

#သွေးလှူဒါန်းပွဲ

#တာချီလိတ်

#သဘာ၀ပတ်ဝန်းကျင်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin