Language:

ထိုင်းနိုင်ငံရယောင်းရှိ အမှိုက်ပုံးထဲက ချက်ကြိုးတန်းလန်းနဲ့ ကလေးတစ်ဦး ပလုံကောက်သူကြောင့် အသက်ချမ်းသာရာရ


ထိုင်းနိုင်ငံရယောင်းရှိ အမှိုက်ပုံးထဲက ချက်ကြိုးတန်းလန်းနဲ့ ကလေးတစ်ဦး ပလုံကောက်သူကြောင့် အသက်ချမ်းသာရာရ

၃ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

ထိုင်းနိုင်ငံ ရယောင်းမြို့မှာ စက်တင်ဘာ ၃ ရက် နံနက်အစောပိုင်းအချိန်က ပလုံကောက်သူတစ်ဦး အမှိုက်ပုံမှာ ရောင်းလို့ရမယ့် ပစ္စည်းလေးတွေ လိုက်ရှာနေချိန် ချက်ကြိုးတန်းလန်းနဲ့ ငိုနေတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရှိတာကြောင့် အသက်ချမ်းသာရာရခဲ့ပါတယ်။

အဆိုပါ မွေးကင်းစကလေးငယ်အား အသက် ၅၀ အရွယ် ပလုံကောက်သူ မီချွက်ဟာ အလင်းရောင်မှိန်နေသေးတဲ့ အချိန် လမ်းဘေးက အမှိုက်ပုံးထဲမှာ အနက်ရောင် ပလတ်စတိတ်အိတ်နဲ့ ထုပ်ပိုးထားတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရှိလို့ စစ်ဆေးပေးဖို့ ခေါ်ယူအကူအညီ တောင်းခဲ့ပါတယ်။

နော့ခ်ကွေးက ပလတ်စတစ်အိတ်ကို ဖွင့်လိုက်ချိန်မှာ သဘက်နဲ့ထုပ်ထားတဲ့ မွေးကင်းစကလေးငယ်ကို အသက်ရှင်လျက် တွေ့ရှိခဲ့တာဖြစ်ပြီး ကလေးရဲ့ ချက်ကြိုးက သူ့လည်ပင်းကို နှစ်ပတ်ပတ်နေရာ ကလေးကိုအမှိုက်ပုံးထဲကချီပြီး ထုတ်ယူခဲ့ပါတယ်။

ယောက်ျားလေးဖြစ်တဲ့ အဆိုပါကလေးကို နော့ခ်ကွေးက ကနဦးပြုစုမှုတွေ လုပ်ပေးပြီး ရဲတပ်ဖွဲ့ အကူအညီပေးရေး လုပ်သားတွေကို ဆက်သွယ်ခဲ့ပါတယ်။

အဆိုပါကလေးမှာ ကျန်းမာပုံရပြီး ရယောင်းဆေးရုံသို့တင်ပို့ပြီး နောက်ထပ်စစ်ဆေးမှုတွေ၊ ကုသမှုတွေ ပြုလုပ်ပေးခဲ့ကာ မူအမ်းရယောင်းရဲတပ်ဖွဲ့က ကလေးရဲ့ မိခင်ကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေပြီး ရယောင်းဆေးရုံမှာ မကြာသေးခင်က ကလေးမွေးဖွားမှု မှတ်တမ်းအား စစ်ဆေးဖို့ စီစဉ်ထားပါတယ်။

ထိုင်းမှာ မွေးကင်းစကလေးတွေကို အမည်မဖော်ဘဲ စွန့်ပစ်မှုအား ခွင့်လွှတ်ထားတဲ့ ဥပဒေမရှိသောကြောင့် ကလေးကို ကိုယ်တိုင်မစောင့်ရှောက်နိုင်တဲ့ အမျိုးသမီးများအနေနဲ့ ဆေးရုံ လူမှုဖူလုံရေး အလုပ်သမားတွေက အကူအညီတောင်းလို့ရသလို လူမှုရေး ကူညီပေးရေး အဖွဲ့တွေကိုလည်း ဆက်သွယ်လို့ ရပါတယ်။

#ထိုင်းနိုင်ငံရယောင်း

#အမှိုက်ပုံးထဲက

#ချက်ကြိုးတန်းလန်းနဲ့ကလေးတစ်ဦး

#ပလုံကောက်သူကြောင့်

#အသက်ချမ်းသာရာရ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin