Language:

ကမ္ဘောဒီးယား နယ်မြေထဲသို့ ထိုင်းဝန်ကြီးချုပ် သွားရောက်မှုဟာ ရန်စတဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှု ဖြစ်ကြောင်း လေ့လာသူများ ပြစ်တင်ရှုတ်ချ


ကမ္ဘောဒီးယား နယ်မြေထဲသို့ ထိုင်းဝန်ကြီးချုပ် သွားရောက်မှုဟာ ရန်စတဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှု ဖြစ်ကြောင်း လေ့လာသူများ ပြစ်တင်ရှုတ်ချ

ဗကြီး

၂၉ သြဂုတ်လ ၂၀၂၆ (Eastern Thanlwin)

ပရီယာဗီဟီယာပြည်နယ် အန်ဆက်ဒေသသို့ ထိုင်းဝန်ကြီးချုပ် အနုတင် သွားရောက်ခဲ့မှုကို ကမ္ဘောဒီးယားလေ့လာသူများ ပြစ်တင်ရှုတ်ချပြီး ရန်စမှု၊ ကမ္ဘောဒီးယား အချုပ်အချာ အာဏာအား ချိုးဖောက်မှုနဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုဖြစ်ကြောင်း ပြောကြားပါတယ်။

အနုတင်နဲ့ အကြီးတန်း ထိုင်းအရာရှိများ သြဂုတ်လ ၂၃ ရက်က အဆိုပါအငြင်းပွားနေတဲ့ ဒေသသို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာနက အဆိုပါခရီးစဉ်ဟာ ခွင့်ပြုချက်မရှိတဲ့ ခရီးစဉ်ဖြစ်ပြီး ကမ္ဘောဒီယားနယ်မြေထဲ ချိုးဖောက် ဝင်ရောက်မှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပထဝီ နိုင်ငံရေးလေ့လာသူ ဂျီနဲလ်ရတ်သာက အဆိုပါခရီးစဉ်ကြောင့် ပြည်တွင်းနိုင်ငံရေးနဲ့ ဒေသဆိုင်ရာ ရှုပ်ထွေးမှု ဖြစ်ပေါ်စေနိုင်တယ်လို့ ပြောထားပါတယ်။

ပြည်တွင်းမှာ စီးပွားရေးအခက်အခဲတွေနဲ့ နိုင်ငံရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်အနုတင်က စစ်တပ် လက်ယာယိမ်းအုပ်စုများရဲ့ ထောက်ခံမှုရရှိရေး အမျိုးသားရေးဝါဒကို အသုံးချနေတာဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားပါတယ်။

အဆိုပါခရီးစဉ်ဟာ ၂၀၂၅ ဒီဇင်ဘာ ၂၇ အထွေထွေ နယ်စပ်ကော်မတီ ပူးတွဲကြေညာချက်အား တိုက်ရိုက်ချိုးဖောက်မှုဖြစ်တယ်လို့ သူကပြောကြားပါတယ်။

အဆိုပါကြေညာချက်အရ နယ်စပ်ဒေသတွေမှာ ရန်လိုတဲ့ အပြုအမှုတွေ မလုပ်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားတာဖြစ်ပါတယ်။

အဆိုပါဒေသအား ထိုင်းက ပိုင်ဆိုင်ကြောင်း တရားဝင်ပြောဆိုထားတာ မရှိပေမယ့် ထိုင်းပြည်သူလူထုအား ထိန်းချုပ်ထားနိုင်ကြောင်း ဖော်ပြဖို့ ရည်ရွယ်တဲ့ နိုင်ငံရေးဆိုင်ရာ အပြုအမူဖြစ်တယ်လို့ ရတ်သာက ပြောကြားပါတယ်။

ကမ္ဘောဒီးယား နိုင်ငံရေးသိပ္ပံပညာရှင် ကင်ဖီယာက အဆိုပါခရီးစဉ်ဟာ လက်မခံနိုင်တဲ့ ခရီးစဉ်ဖြစ်ပြီး နယ်စပ်ဒေသတွေမှာ တရားမဝင်တဲ့ လုပ်ရပ်တွေမလုပ်ဖို့ တရားဝင် ကန့်ကွက်သင့်ကြောင်း ဖနွမ်းပင်အစိုးရအား တိုက်တွန်းထားပါတယ်။

ယခု သီတင်းပတ်စောစာပိုင်းက ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းကို တရားဝင်ကန့်ကွက်ထားပြီး အဆိုပါဒေသအား ပြီးခဲ့တဲ့နှစ်ကတည်းက ထိုင်းစစ်တပ်က သိမ်းပိုက်ထားတာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

အဆိုပါကိစ္စအား အာဆီယံနဲ့ နိုင်ငံတကာ ဆွေးနွေးမှုများအတွင်း တင်ပြဆွေးနွေးသင့်ကြောင်း ဖီယာကပြောကြားပါတယ်။

အနုတင်က နယ်မြေပိုင်ဆိုင်ကြောင်း တရားမဝင်ပြောဆိုဖို့ တမင်တကာ ကြိုးပမ်းနေတာဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပန်ဘိုနာကပြောကြားပါတယ်။

၂၀၂၅ နှောင်းပိုင်းက အပစ်အခတ်ရပ်ထားခဲ့ပေမယ့် အငြင်းပွားမှုတွေကြောင့် ဘေးလွတ်ရာ ပြောင်းရွှေ့ရမှုတွေ ဆက်ရှိနေပါတယ်။

ကမ္ဘောဒီယားနိုင်ငံသား ၁၈၇၀၃ ဦးအထိ နေရပ်မပြန်နိုင်သေးကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောထားပါတယ်။

#ကမ္ဘောဒီးယား

#ဖနွမ်းပင်အစိုးရ

#နယ်မြေပိုင်ဆိုင်မှု

#အနုတင်

#ထိုင်းစစ်တပ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin