၂၈ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)
ကိုဇက်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နိဗ္ဗာန်တိုက်လယ် ရှားခဲအုပ်စု နဲမနိတ်ကျေးရွာမှာ တစ်ဦးတည်းနေထိုင်တဲ့ ပညာရေးဝန်ကြီးဌာနမှ ဒုညွှန်မှူး(ငြိမ်း) ဒေါ်လှလှဝင်းအား သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းများနှင့် ငွေများအားယူဆောင်သွားသူများကို မနေ့က ဩဂုတ်လ (၂၇) ရက်မှာ ဖမ်း ဆီးရမိပြီလို့ နယ်ခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပညာရေးဝ န်ကြီးဌာန(အောက်မြန်မာပြည်)ဒုတိယညွှန်ကြားရေးမှူး (ငြိ မ်း)လည်းဖြစ်၊ အငြိမ်စား ကျောင်းအုပ်ဆရာမကြီးလည်းဖြစ်တဲ့ ဒေါ်လှလှဝင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်( ဝါခေါင်လဆန်း (၈) ရက်) က ၎င်း၏ နေအိမ်တွင် သ တ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူတွေဟာ ဆရာမကြီး၏ နေအိမ်ခေါင်းရင်းကပ်လျက်အိမ်မှဖြစ်ပြီး နေအိမ်အတွင်းရှိ ရွှေထည်နှင့် ငွေများ ဝင်ရောက်ခိုးယူနေစဉ် ဥပုဒ်ကျောင်းမှပြန်လာသည့် ဆ ရာမကြီးနှင့် ပက်ပင်းတိုးရာက ဆရာမကြီးအား သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ခေါင်းရင်းအိမ်က လင်မယားနှစ်ယောက်လို့ ပြောတယ်။ လင်မယားနှစ်ယောက်က မနက်ပိုင်း ရန်ကုန်သွားမယ်ဆိုပြီး အထွက်ပြတယ်။ ဒီဆရာမကြီး ဥပုဒ်စောင့်သွားမှာ သိတ ယ်ထင်ပါတယ်။ နောက်ပိုင်းကျမှ စက်ဘီးပြန်ထားတော့ အဲ ဒီကနေ ကွင်းစက်မိသွားတာ” လို့ နယ်မြေခံသတင်းရင်းမြစ်တစ်ဦးက အရှေ့သံလွင်ကို ပြောပါတယ်။
ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ (၃) ဦးအနက် ရန်ကုန်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့ သီဟကျော်နှင့် ဇနီးဇင်ဇင်နွယ်တို့ကို ဩဂုတ်လ (၂၇) ရက်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့န ယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၂၀၈) တွင် သက်သေခံပစ္စည်းများနဲ့အတူ ဖမ်းမိခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပူးပေါင်းပါဝင်သူ နဲမနိတ်ရွာနေ တင်မျိုးအောင် (ခ)နေလကိုလည်း မနေ့က ဩဂုတ် (၂၇) ရက်၌ပင် ရှားခဲကျေးရွာ၌ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

