၂၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
NPW
Facebook လူမှုကွန်ရက်ကို အသုံးပြုပြီး လိင်တူ(BL-Boys’ Love, GL-Girls’ Love)အချင်းချင်းချစ်ကြိုက်တဲ့ စာအုပ်တွေကို ကြော်ငြာပြီး ရောင်းချတာပြုလုပ်ရင် ဥပဒေနဲ့အညီတရားစွဲဆိုသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ပုံနှိပ်ခြင်းလုပ် ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းတွေကို ကြီးကြပ်နေတာမှာ ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ်-A Yeik၊ Alora Eleven Book House၊ Libra Book Shop(Chuu Sein)၊ Nway Oo Kant Kaw-နွေဦးကံ့ကော်စာအုပ်ဆိုင်နဲ့ Z for Zodiac တို့ရဲ့ Facebook Page (၉) ခုကနေ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိဘဲ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားနိုင်စေတဲ့ လိင်တူအချင်းချင်း ချစ်ကြိုက်တဲ့ BL-Boys’ Love၊ GL-Girls’ Love စာအုပ်တွေကို တရား မဝင် ရောင်းချနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ Page (၉)ခုဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)ပါ ပြည်တွင်းမှာ ပုံနှိပ်ထုတ်ဝေခြင်းဖြစ် ပါက ထုတ်ဝေသူဟာ ၎င်းထုတ်ဝေတဲ့ မည်သည့်ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်းရေးသွင်းခြင်းနဲ့ မူပိုင်ခွင့်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်တွေနဲ့အညီ ဝန်ကြီးဌာနကို ပေးပို့ရမည် ဆိုတဲ့ပြဌာန်းချက်နဲ့ ပုဒ်မ ၁၅ ပါ မည်သူမျှ သက် ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်း မပြုရ ဆိုတဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျုးလွန်ပြီး အခုလို လိင်တူအချင်းချင်း ချစ်ကြိုက်တဲ့ စာအုပ်တွေကို အွန်လိုင်း ကနေ ကြော်ငြာပြီး ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပုံနှိပ်သူ၊ ထုတ်ဝေသူတွေနဲ့ BL-Boys’ Love၊ GL-Girls’ Love စာအုပ်တွေ ရောင်းချနေတဲ့ တရားမဝင်စာအုပ်အ ရောင်းဆိုင်တွေ၊ Facebook Page တွေအနေနဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစာလိုက်နာဖို့နဲ့ ဥပဒေစည်း ကမ်းချက်တွေကို ဖောက်ဖျက်နေတဲ့ ထုတ်ဝေစာတွေကို ရောင်းချပါက ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ဥပဒေကိုဖောက်ဖျက်တဲ့ ထုတ်ဝေစာတွေကို ထုတ်ဝေတဲ့ ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ ပုံနှိပ်မှတ်တမ်းဖော်ပြထား တာမရှိတဲ့ တရားမဝင်ထုတ်ဝေစာတွေကို ရောင်းချနေတဲ့ စာအုပ်အရောင်းဆိုင်တွေကိုလည်း တည်ဆဲဥပဒေနဲ့အညီ တရားစွဲ တာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

