Language:

နေပြည်တော်မှာ အိမ်စီးကား ရေကန်ထဲကျပြီး (၂) ဦးသေဆုံး


နေပြည်တော်မှာ အိမ်စီးကား ရေကန်ထဲကျပြီး (၂) ဦးသေဆုံး

၂၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်မှာ အိမ်စီးကားတစ်စီး လမ်းဘေးက ရေကန်ထဲထိုးကျပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ဩဂုတ် (၂၈)ရက် ၊ မနက် (၉) နာရီ (၁၀) မိနစ်က နေပြည်တော ဒက္ခိဏသီရိမြို့နယ် ထန်းတစ်ပင်ရပ်ကွက်တွင် ယာဉ်(၁)စီး အရှိန်လွန်ပြီး လမ်းဘေးက သဘာဝရေကန်ထဲသို့ ကျသွားကြောင်း သတင်းရရှိတဲ့အတွက် သွားရောက်ကူညီခဲ့ရကြောင်း နေပြည်တော်မီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)က တာဝန်ရှိသူတစ်ဦးက အရှေ့သံလွင်ကို ပြောပါတယ်။

“ဖြစ်စဉ်ကတော့ ဘယ်လိုဖြစ်တယ် အတိအကျမသိဘူး။ ကျွန်တော်တို့က သူတို့ကားရေနစ်နေတယ် သတင်းရလို့ သွားဆယ်ပြီးတော့ ကူညီဆောင်ရွက်ပေးထားတာပါ” လို့ ၎င်းကဆိုပါတယ်။

အခင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်၌ လိုက်ပါတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ရုပ်အလောင်းများကို လူငယ်တွဲလက်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

အခင်းဖြစ်နေရာသို့ ဒက္ခိဏခရိုင်မီးသတ်စခန်းမှ ရှာဖွေက ယ်ဆယ်ရေးယာဉ်(၁)စီး ၊ ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ ကြာပင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနဲ့ လူမှုကူညီရေးအသက်းများသွားရောက်ပြီးရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ – MFSD

#ယာဉ်မတော်တဆမှု

#ရေကန်

#ဒက္ခိဏသီရိ

#နေပြည်တော်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin