Language:

ပြည်ပကနေ သယ်ယူလာတဲ့ ပစ္စည်းတွေကို တစ်ကိုယ်ရေစာသယ်ဆောင်မှုမှ လွဲပြီး သတ်မှတ်ရာခိုင်နှုန်းဖြင့် အခွန်ကောက်မည်


ပြည်ပကနေ သယ်ယူလာတဲ့ ပစ္စည်းတွေကို တစ်ကိုယ်ရေစာသယ်ဆောင်မှုမှ လွဲပြီး သတ်မှတ်ရာခိုင်နှုန်းဖြင့် အခွန်ကောက်မည်

၂၈ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြည်ပနိုင်ငံတွေက ပစ္စည်းတွေ သယ်ယူလာသူတွေအနေနဲ့ အခွန်အကောက်နဲ့ ပတ်သက်ပြီး သတိထားရမယ့် သတ်မှတ်ချက်အသစ်တွေကို အကောက်ခွန်ဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ သတ်မှတ်ချက်တွေအရ ခရီးသည်တွေအနေနဲ့ ပြည်ပကနေ ပစ္စည်းတွေ သယ်ယူလာတဲ့အခါ ပစ္စည်းအမျိုးအစားနဲ့ တန်ဖိုးပေါ်မူတည်ပြီး အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။ အဝတ်အစားတွေလို ပုံမှန်အသုံးအဆောင်ပစ္စည်းတွေကို သတ်မှတ်ချက်ထက် ပိုမိုသယ်ယူလာပါက အခွန် ၁၂ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ပကနေ သယ်ယူလာတဲ့ ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀ အထက် ရှိပါက သတ်မှတ်ချက်တွေအရ အရေးယူခံရနိုင်ပြီး၊ ဒေါ်လာ ၅၀၀ အောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေဆိုရင်တော့ ရန်ကုန်လေဆိပ်မှာပဲ သက်ဆိုင်ရာအခွန်ကို တွက်ချက်ပေးဆောင်ရမယ့် အခြေအနေရှိပါတယ်။

အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ခရီးသည်တစ်ဦးအနေနဲ့ တစ်ကိုယ်စာ သယ်ယူခွင့်ပြုထားတဲ့ ပစ္စည်းအမျိုးအစားနဲ့ ပမာဏတွေ ကိုလည်း ဖော်ပြထားပါတယ်။ အဲဒီအပြင် ပစ္စည်းတွေရဲ့ တန်ဖိုးကို သတ်မှတ်ရာမှာ Invoice၊ Voucher စတဲ့ အထောက်အထားတွေကို ကြည့်ရှုစစ်ဆေးတာမျိုးလည်း ရှိနိုင်ပါတယ်။

ဒါကြောင့် ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေအနေနဲ့ ကိုယ်နဲ့အတူ သယ်ယူလာမယ့် ပစ္စည်းတွေရဲ့ တန်ဖိုး၊ အရေအတွက်နဲ့ တစ်ကိုယ်စာ သယ်ယူခွင့်ပြုထားတဲ့ ပမာဏ တွေကို ကြိုတင်စစ်ဆေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

အထူးသဖြင့် ကိုယ်ပိုင်အသုံးအတွက် သယ်လာတာလား၊ စီးပွားဖြစ် သယ်ယူလာတာလား ဆိုတာပေါ်မူတည်ပြီး အခွန်အကောက်နဲ့ စစ်ဆေးမှုတွေ ကွာခြားနိုင်တာကြောင့် လေဆိပ်ရောက်မှ အခက်အခဲမဖြစ်အောင် သတ်မှတ်ချက်တွေကို ကြိုတင်သိရှိထားဖို့ လိုအပ်နေပါတယ်။

အခုလိုလေဆိပ်မှာ ပြည်ပကနေသယ်ဆောင်လာမှုအပေါ် တင်းကြပ်လိုက်တာကြောင့် ပြည်ပမှ Pre-order စနစ်ဖြင့် ပစ္စည်းမှာယူရောင်းချသူများ၊ တစ်နိုင်တစ်ပိုင် Carry သယ်ယူပေးသူများနှင့် ခရီးသည်များတွင် ကြီးမားတဲ့ အခက်အခဲတွေနဲ့ လက်ရှိမှာ ရင်ဆိုင်နေရတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

#လေဆိပ်

#အကောက်ခွန်ဦးစီးဌာန

#ပြည်ပထုတ်ကုန်

#ခရီးသွားလာရေး

#ကုန်ပစ္စည်း

#ကုန်စည်စီးဆင်းမှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin