Language:

ဘုန်းကြီးတစ်ပါးက အသက် ၁၈ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံရ


ဘုန်းကြီးတစ်ပါးက အသက် ၁၈ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံရ

၂၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

ထိုင်းနိုင်ငံ လွဲပြည်နယ် ဖာခေါဝ်ခရိုင်တွင် ဩဂုတ်လ ၂၃ ရက်နေ့က ဘန်ဖွမ်‌ကျေးရွာအုပ်စု အမှတ်(၆)ကျေးရွာမှာ ဘုန်းကြီးဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးက အသက်(၁၈)နှစ်အရွယ် အမျိုးသမီးငယ်ကို နေအိမ်ပေါ်သို့ တက်ရောက်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း သိရှိရပါတယ်။

ဖာခေါဝ်ရဲစခန်းမှ ကင်းလှည့်ရဲတပ်ဖွဲ့ဝင်များက သတင်းပေးပို့ချက်ကိုရပြီးနောက် ဖြစ်စဉ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ အမျိုးသမီငယ်ရဲ့ အကူအညီတောင်းသံကြောင့် ရွာသားများက အဆိုပါဘုန်းကြီးအား ဝိုင်းဝန်း ဖမ်းဆီးထားသည်ကို တွေ့ရှိခဲ့ရပြီး လက်နှင့် ခြေထောက်များကို ကြိုးဖြင်ချည်နှောင်ထားကာ အောက်ပိုင်းတွင် ဘုန်းကြီးဝတ်စုံဝတ်ဆင်ထားပြီး အပေါ်ပိုင်းတွင် တီရှပ်အင်္ကျီကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။

အမျိုးသမီးငယ်မှ ရဲတပ်ဖွဲ့ထံ ပြောကြားရာတွင် ဖြစ်စဥ်ဖြစ်ပွားချိန်က မိမိတစ်ဦးတည်း နေအိမ်အတွင်းရှိနေစဥ် ဘုန်းကြီးဝတ်စုံဝတ်ဆင်ထားပြီး မူးယစ်ဆေးဝါးသုံးစွဲထားသူကဲ့သို့ အမူအရာရှိသော အမျိုးသားတစ်ဦး အိမ်ထဲသို့ ဝင်လာပြီး မိမိကိုတွေ့သောအခါ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့သဖြင့် အော်ဟစ်အကူအညီတောင်းခဲ့ရာ အနီးအိမ်တွင်နေသော အဒေါ်ဖြစ်သူက ကြားကာ လာရောက်ကူညီခဲ့ပြီး အနီးအနားရှိ ရွာသားများလည်း ရောက်ရှိလာကာ အဆိုပါအမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။

ဘုန်းကြီးဝတ်စုံဝတ်ထားသည့် အမျိုးသားကို စစ်ဆေးမေးမြန်းရာ “ဖရာ ချလိမ်ချိုင်” ဟု သိရှိရပြီး လွဲပြည်နယ်၊ ဖာခေါဝ်ခရိုင်၊ ဘန်ဖွမ်ကျေးရွာအုပ်စု အမှတ် ၈ ကျေးရွာရှိ ပါဖွမ်ဖွမ် ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသည့် ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ဖြစ်စဉ်မတိုင်မီ မူးယစ်ဆေးပြားသုံးစွဲခဲ့ကာ အမျိုးသမီးငယ်နေအိမ်သို့ သွားရောက်ကာ ပြစ်မှုကျူးလွန်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့တာဖြစ်ပါတယ်။

အာဏာပိုင်များက အဆိုပါအမျိုးသားကို ဘုန်းကြီးဘဝမှ လူဝတ်လဲစေခဲ့ပြီး ဆီးစစ်ဆေးရာတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲထားသည့် ရလဒ်ထွက်ရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးအပ်ကာ ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

#မှုခင်း

#ဘုန်းကြီး

#အဓမ္မပြုကျင့်မှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin