Language:

ရေစီးနဲ့ မျောပါသွားတဲ့ ရေကြည်မြို့က (၇) တန်းကျောင်းသား၏ ရုပ်အလောင်း ယနေ့ ပြန်တွေ့


ရေစီးနဲ့ မျောပါသွားတဲ့ ရေကြည်မြို့က (၇) တန်းကျောင်းသား၏ ရုပ်အလောင်း ယနေ့ ပြန်တွေ့

၂၄ ဩဂုတ်လ ၂၀၂၆ (Eastern Thanlwin)

ဖိုးစည်

ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် ဩဂုတ်လ (၂၂) ရက် ညပိုင်းက ရေစီးနဲ့ မျောပါသွားတဲ့ (၇) တန်း ကျောင်းသားရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဩဂုတ်လ (၂၄) ရက် နေ့လယ်ပိုင်းက ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျော င်းမှာ တက်ရောက်ပညာသင်နေတဲ့ (၇) တန်းကျောင်းသားများဖြစ်တဲ့ မောင်လှိုင်မင်းခန့်နဲ့ မောင်ဟိန်းထက်မြင့်တို့ဟာ ဩဂုတ်လ (၂၂) ရက် ည (၇) နာရီဝန်းကျင်က ဆင်ကူးကျေးရွာ သုဿာန်အနီးက ရေကျော်နေတဲ့ လမ်းပိုင်းကိုဖြတ်ကူးစဥ် ရေစီးနဲ့ မျောပါသွားတာ ဖြစ်ပါတယ်။

ယင်းကဲ့သို့ ရေစီးနဲ့ မျောသွားရာမှ မောင်လှိုင်မင်းခန့်ဟာအနီးက ဝါးရုံထဲညပ်နေတဲ့အတွက် အသက်ရှင်လျက်ကယ် တင်နိုင်ခဲ့သော်လည်း မောင်ဟိန်းထက်မြင့်ဟာ ရေစီးနဲ့ ပျောပါပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

” နေ့ခင်း ၁ နာရီလောက်က ဆင်ကူးချောင်းထဲမှာ ဗေဒါတွေကြားက အလောင်း ပြန်တွေ့ပါတယ်” ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

အဆိုပါ ကလေးငယ် ရေစီးနဲ့မျောပါပျောက်ဆုံးမှုကို သိသိချင်း ဧရာဝတီတိုင်းကို ရေဘေးကယ်ဆယ်ရေး ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ လူမှုကူညီရေးအဖွဲ့(မန္တလေး) နဲ့ မိတ်ဖက်အဖွဲ့တွေ ညတွင်းချင်းရှာဖွေခဲ့ကြပေမယ့်ရေစီးသန်နေတာကြော င့် ရှာမတွေ့ခဲ့ဘူးလို့ သတင်းထုတ်ပြန်ပါတယ်။

အခင်းဖြစ်ပြီး နောက်နေ့များတွင်လည်း ဆက်လက်ရှာဖွေလျက်ရှိရာ ကလေးငယ်၏ ရုပ်အလောင်းကို ဆင်ကူးချော င်း မီရထားကူး သံတံတားအနီးက ဗေဒါများအကြားမှာ ဒီကနေ့နေ့လယ်ပိုင်းက တွေ့ရှိခဲ့တာလို့ သိရပါတယ်။

ရေစီးနဲ့ မျောပါ သေဆုံးသွားတဲ့ မောင်ဟိန်းထက်မြင့်ဟာ ရေကြည်မြို့ ၊ နေဝင်း ၈ လမ်းနေ ဒေါ်မိသက်၏ သားဖြစ်ပြီး ဖခင်ဖြစ်သူမှာလည်း ကွယ်လွန်ထားသည်မှာ မကြာသေးဘူးလို့ သိရပါတယ်။

#သဘာ၀ဘေး

#ရေစီးနဲ့မျောပါ

#ရေကြည်

#၇တန်းကျောင်းသား

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin