၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
IM
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားအပေါ် ဒဏ်ခတ်မှု အသစ်တွေနဲ့ အခွန် တိုးမြှင့်မှုတွေကိုလည်း ဆိုင်းငံ့ထားတယ်လ်ု့ဆိုတဲ့ အမိန့်စာကို အောက်တိုဘာ ၁၆ ရက် သောကြာနေ့မှာ လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့တယ်။
အဲဒီ အစီအမံတွေဟာ လာမယ့် အပတ်မှာ အသက်ဝင်ဖို့ စီစဉ်ထားခဲ့တာတွေ ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး
မာကို ရူဘီယိုက စနေနေ့မှာ ပြောခဲ့တာပါ။
သမ္မတဟာ ရက်ပေါင်း ၆၀ အထိ အချိန်ယူမယ်လို့ သူက ပြောကြားခဲ့ပြီး အဲဒီ အချိန် အတွင်းမှာ စီးပွားရေး
သက်ရောက်မှုတွေကို သုံးသပ်မယ်ဟုဆိုကာ ထရမ့် ကိုယ်တိုင်ကတော့ နောက်ဆုံး ဆုံးဖြတ်ချက်ကို မကြေညာရသေးဘူးလို့ သိရပါတယ်။
ဒဏ်ခတ်မှု ဥပဒေကို ဂရေဟမ် အက်ဥပဒေလို့ ခေါ်ဆိုပြီး ထရမ့်ဟာ အဲဒီ ဥပဒေကို ပြီးခဲ့တဲ့ လမှာ လက်မှတ် ရေးထိုး အတည်ပြုခဲ့ကာ ဥပဒေက ရုရှား ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးဖို့ ရုရှား ရေနံနဲ့
သဘာဝဓာတ်ငွေ့ ဝယ်တဲ့ နိုင်ငံတွေကိုလည်း အခွန်တိုးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အခွန် နှုန်းထားဟာ ရာခိုင်နှုန်း ၁၀၀ အထိ ရှိနိုင်ပြီး ဥပဒေက သမ္မတ ပူတင်နဲ့ ရုရှား အရာရှိကြီးတွေ ရုရှားရဲ့ အရိပ်သင်္ဘောအုပ်စုကိုလည်း ပစ်မှတ်ထားတယ်လို့ ဆိုပြီး အရိပ် သင်္ဘောအုပ်စု ဆိုတာက
ဒဏ်ခတ်မှုတွေကို ရှောင်ဖို့ သုံးတဲ့ ရေနံ သယ်ယူ သင်္ဘောတွေ ဖြစ်တယ်လို့ သိရပြီး လွှတ်တော် အမတ်တွေက ရုရှားကို ဖိအားပေးဖို့ ဒီ ဥပဒေကို ထောက်ခံခဲ့ကြပါတယ်။
ဆိုင်းငံ့မှုဟာ နိုဝင်ဘာလ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ရက်သတ္တပတ် အနည်းငယ် အလိုမှာ ဖြစ်ပြီး အမေရိကန်မှာ စွမ်းအင် ဈေးနှုန်းတွေ မြင့်တက်နေကာ အီရန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲကြောင့် ကမ္ဘာ့ ရေနံ ထောက်ပံ့မှု ထိခိုက်နေတယ်လို့ ရူဘီယိုက အိန္ဒိယ နိုင်ငံကို ဥပမာထား ပြောပါခဲ့တယ်။
အိန္ဒိယဟာ အမေရိကန်ရဲ့ အရေးကြီး မိတ်ဖက် နိုင်ငံဖြစ်လို့ အိန္ဒိယဟာ ရုရှား ရေနံအပေါ် အများကြီး မှီခိုနေရတာကြောင့် အခွန်တိုးမှုဟာ မိတ်ဖက် နိုင်ငံတွေကိုပါ ထိခိုက်နိုင်လို့ ရူဘီယိုက ရုရှား ဒီဇယ် ပိုမို တင်သွင်းရေး သဘောတူညီချက်ကိုလည်း ကာကွယ်ပြောကြားခဲ့ပြီး အဲဒီ သဘောတူညီချက်က လောင်စာ ဈေးနှုန်းတွေကိုလျှော့ချဖို့ ရည်ရွယ်တယ်လို့ သူက ပြောပါတယ်။

