Language:

ကျောက်မီးသွေးတင်ဆောင်လာတဲ့ တွဲကားတစ်စီး တိမ်းမှောက်


ကျောက်မီးသွေးတင်ဆောင်လာတဲ့ တွဲကားတစ်စီး တိမ်းမှောက်

၁၅ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဈေးသာကျေးရွာအနီး ကျောက်မီးသွေးတင်ဆောင်လာတဲ့ တွဲကားတစ်စီး နိုဝင်ဘာ (၁၇)ရက်၊ ည ၇ နာရီ ၄ မိနစ်အချိန်ခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့သတင်းများအရ သိရပါတယ်။

၎င်းကျောက်မီးသွေးတင်ဆောင်လာတဲ့ တွဲကား တိမ်းမှောက်ကြောင်း သတင်းအရ နတ်မောက်မြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် မီးမလောင်စေရန် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့တာပါ။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။

#ကျောက်မီးသွေး

#နတ်မောက်မြို့

#တွဲကားတစ်စီး

#တိမ်းမှောက်

ဆက်စပ်သတင်းများ

Eastern Thanlwin