Language:

ဖားကန့်မှာ အသေးစားနဲ့ လက်လုပ်လက်စားတူးဖော်ခွင့်ပြုဖို့ အစီအစဉ် မရှိသေး


ဖားကန့်မှာ အသေးစားနဲ့ လက်လုပ်လက်စားတူးဖော်ခွင့်ပြုဖို့ အစီအစဉ် မရှိသေး

၆ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

နယ်မြေတည်ငြိမ်မှုအခြေအနေနဲ့ ရေရှည်အသုံးပြုနိုင်စေဖို့ရည်ရွယ်ပြီး ဖားကန့်နယ်မြေမှာ အသေးစားနဲ့ လက်လုပ်လက်စား သယံဇာတတူးဖော်ခွင့်တွေကို ခွင့်ပြုသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးက ပြောပါတယ်။

ဖားကန့်မဲဆန္ဒနယ်က ဦးသက်ပိုင်ထူးရဲ့ ဖားကန့်ရှိ သယံဇာတတွေကို အကြီးစားနဲ့အလတ်စား တူးဖော်ခွင့်မပြုဘဲ အသေးစား နဲ့ လက်လုပ်လက်စားတူးဖော်ခွင့်ကို စည်းကမ်းနဲ့အညီ ခွင့်ပြုပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၆ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခုလို ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ ဖားကန့်နယ်မြေမှာ လက်ရှိအခြေအနေအရ နယ်မြေတည်ငြိမ်မှုမရှိတာ၊ ဘူမိဗေဒဖြစ်စဉ်အရ အရည်အသွေးကောင်းမွန်တဲ့ ကျောက်စိမ်းဖြစ်ပေါ်လာဖို့ နှစ်သန်းပေါင်းများစွာ အချိန်လိုအပ်တာ၊ ကျောက်စိမ်းကျောက်မျက် သယံဇာတတွေကို နိုင်ငံ တော်နဲ့ နိုင်ငံသားတွေအတွက် သားစဉ်မြေးဆက် ရေရှည်အသုံးပြုနိုင်စေဖို့ရည်ရွယ်ပြီး တူးဖော်ထုတ်လုပ်တာတွေကို ကန့် သတ်ထားတာကြောင့် အသေးစားတူးဖော်တာနဲ့ လက်လုပ်လက်စားတူးဖော်တာတွေကို ခွင့်ပြုပေးဖို့ အစီအစဉ် မရှိသေးပါ ဘူး ” လို့ ဦးခင်လတ်ကြီးက ဆိုပါတယ်။

ဖားကန့်ရတနာနယ်မြေကို ၂၀၀၁ အောက်တိုဘာလမှာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ခတ်အဆက်ဆက် ကျောက်မျက်ရတ နာဥပဒေတွေအရ လုပ်ကိုင်ခွင့်ရှိတဲ့လုပ်ကွက်အမျိုးအစားတွေအနေနဲ့ ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေမှာ ၅၀ ဧကခန့်ကျယ်ဝန်းတဲ့ အကျိုးတူလုပ်ကွက်၊ တစ်ဧကအကျယ် ပုဂ္ဂလိကလုပ်ကွက်တွေကို ချထားပေးခဲ့ပြီး ၂၀၁၆ ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေမှာတော့ ဧကသတ်မှတ်ချက်မပါတော့ဘဲ လုပ်ကွက်သက် တမ်းအနေနဲ့ အကြီးစားလုပ်ကွက်ကို ၁၀ နှစ်၊ အလတ်စားလုပ်ကွက်ကို ၅ နှစ်၊ အသေးစားလုပ်ကွက်ကို ၃ နှစ်နဲ့ လက်လုပ် လက်စားလုပ်ကွက်ကို ၁ နှစ် သတ်မှတ်ခဲ့တယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

၂၀၁၉ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေမှာ အကြီးစားလုပ်ကွက်အတွက် သတ်မှတ်ထားတာမပါတော့ဘဲ အလတ်စား လုပ်ကွက်တစ်ကွက်ကို ၅ ဧက(သက်တမ်း ၃ နှစ်)၊ အသေးစားလုပ်ကွက်တစ်ကွက်ကို ၃ ဧက(သက်တမ်း ၂ နှစ်)နဲ့ လက် လုပ်လက်စားလုပ်ကွက်တစ်ကွက်ကို ၁ ဧက(သက်တမ်း ၁ နှစ်) သတ်မှတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ ဖားကန့်ရတနာနယ်မြေမှာ ခွင့်ပြုခဲ့တဲ့ အကျိုးတူလုပ်ကွက်ပေါင်း ၃၀၅ ကွက်နဲ့ ပုဂ္ဂလိကလုပ်ကွက် ၇၃၄၃ ကွက်ကို ၂၀၁၆ ခုနှစ် ဧပြီကစပြီး သက်တမ်းမတိုးပေးတော့ဘဲ လစ်လပ်လုပ်ကွက်အဖြစ် စာရင်းမှတ်တမ်းတင်ထားခဲ့တာကနေ ၂၀၂၁ ခုနှစ် ဇွန်လမှာ လုပ်ကွက်အားလုံးရဲ့ လစ်လပ်လုပ်ကွက်တွေအဖြစ် စာရင်း သွင်း မှတ်တမ်းတင်ထားခဲ့ပြီးဖြစ်တယ်လို့လည်း ဦးခင်လတ်ကြီးက ပြောပါတယ်။

၂၀၁၆ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေအရ ဖားကန့်နယ်မြေမှာ သက်တမ်း ၁ နှစ်ရှိ တစ်ဧကအကျယ်ရှိတဲ့ လက်လုပ်လက်စားလုပ်ကွက် ၁၃၂ ကွက်ကို ၂၀၁၈ ခုနှစ်မှာ လုပ်ကိုင်ခွင့် ချထားပေးခဲ့ပေမယ့် နယ်မြေလုံခြုံရေးအခြေအနေအရ စီမံခန့်ခွဲမှုတွေ မလုပ်ဆောင်နိုင်တဲ့အတွက် ထပ်မံချထားမပေးတော့ဘူးလို့ ဆိုပါတယ်။

#သတ္တုတူးဖေါ်ရေး

#အသေးစား

#အလတ်စား

#ဖါးကန့်

#ပြည်သူ့လွှတ်တော်

ဆက်စပ်သတင်းများ

Eastern Thanlwin