Language:

ငြိမ်းချမ်းရေးဖော်ဆောင်ကော်မတီ (NSPNC)နဲ့ NDAA တို့ မိုင်းလားမှာတွေ့ဆုံကာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ဖို့ဆွေးနွေး


ငြိမ်းချမ်းရေးဖော်ဆောင်ကော်မတီ (NSPNC)နဲ့ NDAA တို့ မိုင်းလားမှာတွေ့ဆုံကာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ဖို့ဆွေးနွေး

၃ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နဲ့ မိုင်းလားအဖွဲ့ဖြစ်တဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့ ငြိမ်းချမ်းရေးအတွက် နိုဝင်ဘာ ၂ ရက်နေ့က မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ဒေသနဲ့သင့်တော်တဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဆင့်အတန်း သတ်မှတ်ပေးရေးဆိုင်ရာ ကိစ္စတွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စတွေ၊ အထူးဒေသ(၄) မိုင်းလားမှာ ၂၀၂၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စတွေနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား နှစ်ဖက်အပြန်အ လှန်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ တွေ့ဆုံမှုဟာ ယခုနှစ်အတွင်း ၃ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး မိုင်းလားဒေသကို ပြီးခဲ့တဲ့ စက်တင်ဘာထဲမှာ ရှမ်း ပြည်နယ် ကျန်းမာရေးအဖွဲ့နဲ့ တပ်မတော်ဆေးတပ်ဖွဲ့တို့က အခမဲ့ဆေးကုသမှုတွေ လာရောက်ဆောင်ရွက်ပေးခဲ့ပြီး မိုင်းလား နဲ့ ဆီလူးဒေသရှိ အခြေခံပညာစာသင်ကျောင်းနှစ်ကျောင်းမှာလည်း ကျောင်းဆောင်သစ်တွေ ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)အနေနဲ့ ၀ ပြည်သွေးစည်းညီညွတ် ရေးပါတီ(UWSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ မိုင်းလားအဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDA A)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP/MNDAA)၊ ရှမ်းနီ(တိုင်းလျန်၊တိုင်းလိုင်) အမျိုးသား များညီညွတ်ရေးကောင်စီ(SNUC/SNA)တို့နဲ့လည်း တွေ့ဆုံဆွေးနွေးထားပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင်က လွန်ခဲ့တဲ့ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့တဲ့ KNU၊ CNF နဲ့ ABSDF အဖွဲ့တို့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားသလို PDF အဖွဲ့တွေကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြ ဖို့ တိုက်တွန်းထားပါတယ်။

#NSPNC

#NDAA

#မိုင်းလား

#ကြားဖြတ်ရွေးကောက်

ဆက်စပ်သတင်းများ

Eastern Thanlwin