စက်သုံးဆီ အကြပ်အတည်းကြောင့် မော်တော်ယာဉ်တွေကို စုံ/မ ရက်သတ်မှတ်ပြီး အသုံးပြုနေတဲ့အပေါ် ဖြေလျော့ပေးဖို့ အစိုးရကိုတောင်းဆိုထား


စက်သုံးဆီ အကြပ်အတည်းကြောင့် မော်တော်ယာဉ်တွေကို စုံ/မ ရက်သတ်မှတ်ပြီး အသုံးပြုနေတဲ့အပေါ် ဖြေလျော့ပေးဖို့ အစိုးရကိုတောင်းဆိုထား

၃၁ ဇူလိုင်လ ၂၀၂၆ (Eastern Thanlwin)

NPW

စက်သုံးဆီ အကြပ်အတည်းကြောင့် မော်တော်ယာဉ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေ စက်သုံးဆီဝယ်ယူမှုမှာ ယာဉ်နံပါတ် စုံ/မခွဲ ထားသလို မော်တော်ယာဉ်တွေ အသုံးပြုခွင့်ကိုလည်း စုံ/မ ခွဲပြီး အသုံးပြုဖို့ အစိုးရကအမိန့်ထုတ်ထားတာဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်းခွင့် အခွန်တွေလျော့ပေးနေတဲ့အတွက် လက်ရှိအခြေအနေမှာ စက်သုံးဆီဈေးနှုန်း တည်ငြိမ်လာသလို မော်တော်ယာဉ်တွေကို စုံမခွဲပြီး စက်သုံးဆီဝယ်တာ၊ ယာဉ်အသုံးပြုခွင့် သတ်မှတ်ထားလို့ စက်သုံးဆီလည်း ပိုလျှံလာတာကြောင့် ပြည်ထောင်စုလွှတ်တော်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ထံ သတ်မှတ်ချက်တွေ ဖြေလျော့ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

နိုင်ငံတော်ရဲ့ အခွန်လျော့ပေါ့မှုစီမံချက်ကြောင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်လာတဲ့အတွက် ယာဉ်အသုံးပြုခွင့် စုံ/မသတ်မှတ်ချက်ကို ဖြေလျှော့ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရအနေနဲ့ ဓါတ်ဆီ၊ ဒီဇယ်နဲ့ သဘာဝဓါတ်ငွေ့ရည်တွေအပေါ် အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တွေကို တစ်လတစ်ကြိမ် ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး လွှတ်တော်က အတည်ပြုပေးနေတာဖြစ်ပါတယ်။

အခုလို ယာဉ်အသုံးပြုခွင့်ကိုလည်း စုံ မ ခွဲသတ်မှတ်ထားတဲ့အတွက် ခရီးသွားသူတွေအနေနဲ့ အကြောင်းကြောင်းကြောင့် သတ်မှတ်ရက်မဟုတ်ဘဲ အသုံးပြုတာ စစ်ဆေးတွေ့ရှိရင် ဒဏ်ငွေရိုက်ခံရတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ်လ(၇)ရက်မှစတင်ပြီး ပုဂ္ဂလိကပိုင်ယာဉ်တွေကို လစဉ် စုံရက်များမှာတော့ စုံအက္ခရာနှင့် မရက်တွေမှာတော့ မ အက္ခရာ နံပါတ်ပါယာဉ်တွေကိုသာ မောင်းနှင်အသုံးပြုဖို့ ပြည်ထောင်စုအစိုးရက ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။

#စီးပွားရေး

#စက်သုံးဆီ

#မော်တော်ယာဉ်

#စုံမစနစ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin