၂၉ ဇူလိုင်လ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှုးကျင်းပတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဆင်းပွဲကို ခရိုင်/မြို့ စုပေါင်းရုံးရဲ့ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရှိရပါတယ်။
တာချီလိတ်မြို့အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့မှာ သင်တန်းသား အုပ်ချုပ်ရေးမှုး (၃၁) ဦးကို (၄) ပတ်ကြာ သင်တန်းပို့ချခဲ့ပြီး ဒီနေ့ ဇူလိုင်လ (၂၈) ရက်နေ့မှာ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြင့်ပြီးခဲ့ကြတာဖြစ်ပါတယ်။
လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ဇူလိုင်လ (၁) ရက်နေ့ကနေ (၂၈) ရက်နေ့အထိ သင်တန်းပို့ချခဲ့ပြီး (၄)ပတ်ကြာ သင်တန်းကာလတွင် အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာအကြောင်းအရာများ နဲ့ မီးဘေးနှင့် သဘာဝဘေးဆိုင်ရာ အကြောင်းအရာများကို သင်တန်းနည်းပြများက စနစ်တကျ သင်ကြားပို့ချခဲ့ကြောင်းသိရှိရပါတယ်။

