Language:

နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံနဲ့ ဘရူနိုင်းနိုင်ငံတို့က ဖိတ်ကြားဖို့ရှိနေ


နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံနဲ့ ဘရူနိုင်းနိုင်ငံတို့က ဖိတ်ကြားဖို့ရှိနေ

၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့က မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားဖို့ရှိနေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ပြောဆိုလာပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ဟာ သံတမန်ရေးအရရော နိုင်ငံရေးအရပါ အောင်မြင်မှုရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက သုံးသပ်ပြောဆိုခဲ့ပြီး ဒီခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ ပြောကြားချက်ကနေ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းတို့ကလည်း ဖိတ်ကြားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“မလေးရှားခရီးစဉ်ဟာ သံတမန်ရေးအရရော နိုင်ငံရေးအရရော အောင်မြင်တဲ့ခရီးစဉ်လို့ ပြောနိုင်ပါတယ်။ ဒီခရီးစဉ်ကနေတစ်ဆင့် အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံကလည်း ဖိတ်ဖို့ရှိတယ်ဆိုတဲ့ သတင်းအချက်အလက်ကို မလေးရှားဝန်ကြီးချုပ်က ပြောပြခဲ့လို့ သိခဲ့ရပါတယ်” လို့ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူရဲ့ မီဒီယာမေးမြန်းမှုအပေါ် ဖြေကြားချက်မှာ မလေးရှားခရီးစဉ်ရဲ့ ရလဒ်တွေနဲ့ အခြားအာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး

အလားအလာတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက မလေးရှားခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွေနဲ့ နိုင်ငံအတွင်းကနေ နေရပ်စွန့်ခွာခဲ့ရသူတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေကို မလေးရှားဝန်ကြီးချုပ်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုနှစ်အတွင်း ဦးမင်းအောင်လှိုင်ဟာ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်အပါအဝင် အာဆီယံနိုင်ငံတချို့ကို သွားရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးပြန်လည်တိုးမြှင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

#နိုင်ငံတော်သမ္မတ

#ဦးမင်းအောင်လှိုင်ကို

#အင်ဒိုနီးရှားနိုင်ငံနဲ့

#ဘရူနိုင်းနိုင်ငံတို့က

#ဖိတ်ကြားဖို့ရှိနေ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin