၂၄ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
အခုလို မိုးရာသီရောက်မှသာ ခရီးသွားတွေနဲ့ အမြဲစည်ကားလေ့ရှိတဲ့ ကရင်ပြည်နယ် ဘားအံဒေသမှာ မသွားမဖြစ် သွားရမယ့်နေရာတစ်ခုက ထပ်တိုးလို့လာပါပြီ။
အခုရက်ပိုင်းအတွင် ဒုတိယဗီယက်နမ်က မြင်ကွင်းတွေလို့တောင် ထင်မှတ်ရလောက်တဲ့ ဘားအံဒေသက အလဝံအင်းကို ပြည်တွင်းခရီးသွားတွေ ဆက်တိုက် သွားရောက်လည်ပတ်မှုတွေ မြင့်တက်လျက်ရှိပါတယ်။
အလဝံအင်းအတွင်း ခရီးသွားများ စိတ်အေးချမ်းသာစွာ သွားလာလည်ပတ်နိုင်ရေးအတွက် သဘာဝအခြေခံစက်တပ် ဝါးဖောင်ငယ်လေးတွေနဲ့ ခရီးစဥ်တစ်လျှောက် ရင်သပ်ရှုမောဖွယ် ကရင်ပြည်နယ်ရဲ့ သဘာ၀အလှတရားတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။
အလဝံအင်းအတွင်း ရင်သပ်ရှုမောဖွယ်ရာ သဘာ၀အလှတွေကို ပြန်လည်ခံစားနိုင်ဖို့ အရှေ့သံလွင်သတင်းဌာနက ပြန်လည်ဖော်ပြလိုက်ရပါတယ်။

