Language:

လေးမျက်နှာဒေသ ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး အလှူငွေ စုစုပေါင်း ကျပ်ငွေ ၂၃ ဘီလီယံရရှိ


လေးမျက်နှာဒေသ ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး အလှူငွေ စုစုပေါင်း ကျပ်ငွေ ၂၃ ဘီလီယံရရှိ

၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin Media)

ကြည်ညို

ရေကာတာ နိမ့်ဆင်းမှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ လေးမျက်နှာဒေသ ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်တွေက စုစုပေါင်း ကျပ်ငွေ ၂၃ ဘီလီယံ လှူဒါန်းခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံရဲ့ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေက စုပေါင်းလှူဒါန်းတဲ့ ကျပ်ငွေ ၂၃ ဘီလျံကျော်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပုသိမ်မြို့မှာ မနေ့က သြဂုတ်လ ၈ ရက်နေ့က လက်ခံရယူခဲ့ပါတယ်။

ကူညီမှုတွေအနေနဲ့ စုစုပေါင်း လှူဒါန်းငွေ ၂၃ ဒသမ ၃၂၄ ဘီလျံကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေဘေးသင့်ခဲ့တဲ့ လေးမျက်နှာမြို့နယ်အတွက် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးဇော်ဇော်၊ ဦးဇော်ဝင်းရှိန်၊ ဦးမောင်ဝိတ်၊ ဦးနိုင်ဖြိုးကျော်စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက အများဆုံး ပါ၀င်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မှုဟာ တစ်ပတ်ကျော်ကြာမြင့်လာပြီး အဆိုပါကာလအတွင်း ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနဲ့အတူ ရေရှည်အတွက် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အထူးပြန်လည်သုံးသပ်ရန် နိုင်ငံတော်သမ္မတက အလှူငွေလက်ခံပွဲမှာ မှာကြားခဲ့ပါတယ်။

လေးမျက်နှာရေဘေးအပြီး ရေရှည်ကာကွယ်ရေးနှင့် ဧရာဝတီတိုင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက် ရေးဆွဲဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့တယ်လို့လည်း သိရပါတယ်။

#လေးမျက်နှာ

#သဘာ၀ဘေး

#ကူညီကယ်ဆယ်ရေး

#ပြန်လည်ထူထောင်ရေး

#ရေဘေးသင့်

ဓာတ်ပုံ – Ayeyarwady Region Government

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin