Language:

ရေတိုက်စားမှုကြောင့် ပျက်စီးသွားတဲ့ ကရင်လက်သမားတံတား‌ကို ယာယီဘေလီတံတားထိုးပြီး ပုံမှန်သွားလာနိုင်ပြီဖြစ်


ရေတိုက်စားမှုကြောင့် ပျက်စီးသွားတဲ့ ကရင်လက်သမားတံတား‌ကို ယာယီဘေလီတံတားထိုးပြီး ပုံမှန်သွားလာနိုင်ပြီဖြစ်

၅ သြဂုတ်လ ၂၀၂၆ Eastern ThanLwin)

ဖိုးစည်

လေးမျက်နှာရေဘေးအတွင်း ဩဂုတ်လ (၃) ရက်က ရေစီးနဲ့ မျောပါပျက်စီးသွားတဲ့ ကရင်လက်သမားတံတားနေရာမှာ ယာယီတံတားထိုးပြီးသွားပြီဖြစ်လို့ ပုံမှန်သွားလာနိုင်ပြီလို့ သိရပါတယ်။

အဆိုပါ ကရင်လက်သမားတံတားဟာ လေးမျက်နှာမြို့နယ်အတွင်းက လေးမျက်နှာ – အိုင်သပြု – ငါးသိုင်းချောင်းကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၅/၀ နှင့် ၅/၁ ကြားတွင်ရှိပြီး အလျား(၁၅)ပေ၊ အနံ(၁၂) ပေ၊ အကျယ်(၈)ပေရှိ ရေထုတ်ပြွန် တံတားအမျိုးအစားဖြစ်ပါတယ်။

အဲဒီတံတားဟာ ငဝန်မြစ် တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်အတွင်း မြစ်ရေများ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ (၃) ရက်က ရေစီးနဲ့ မျောပါပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

တံတားရေစီးနဲ့ မျောပါပျက်စီးသွားမှုကြောင့် ဆက်သွယ်ရေး ပျက်တောက်ခဲ့ရတာ‌ကြောင့် တိုင်းဒေသကြီးအစိုးရရဲ့ လမ်းညွှန်မှုနဲ့ မော်တော်ယာဥ်များ အဆင်ပြေစေရေးအတွက် ယာယီဘေလီတံတား တည်ဆောက်ပေးခဲ့တာဖြစ်တယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့တွေထံက သိရပါတယ်။

လက်ရှိအချိန်၌ ယာယီဘေလီတံတားတည်ဆောက်ပြီးပြီဖြစ်၍ ဖြတ်သန်းသွားလာမည့်သူများ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်းလည်း တိုင်းအစိုးရအဖွဲ့က အသိပေးထားပါတယ်။

#ရေဘေး

#ဘေလီတံတား

#ရေတိုက်စားမှု

#မြစ်ရေ

#လေးမျက်နှာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin