၁၈ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ပေးပို့နိုင်သူတွေကို အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးနိုင်တဲ့ အစီအစဉ်ရှိတယ်လို့ ရန်ကုန်အမေရိကန်သံရုံးက အသိပေးထားပါတယ်။
အခုအစီအစဉ်ဟာ ကရင်ပြည်နယ်အတွင်းရှိ Tai Chang ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို ဖော်ထုတ်ဖို့နဲ့ လိမ်လည်ရယူထားတဲ့ ငွေကြေးတွေကို ပြန်လည် ဖော်ထုတ်သိမ်းဆည်းနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ ကျားဖြန့်ဂိုဏ်းတွေဟာ အမေရိကန်နိုင်ငံသားတွေကို အွန်လိုင်းက တစ်ဆင့် ပစ်မှတ်ထားပြီး ငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်နေသလို လူကုန်ကူးခံရသူတွေကိုလည်း အတင်းအကျပ် အလုပ်လုပ်ခိုင်းပြီး အမြတ်ထုတ်နေကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် Tai Chang ကျားဖြန့်စင်တာတွေနဲ့ ဆက်စပ်တဲ့ ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှုတွေအကြောင်း သိရှိထားတဲ့ အထောက်အထားတွေရှိသူတွေအနေနဲ့ FBI ထံ အီးမေးလ်ကတစ်ဆင့် သတင်းပေးပို့နိုင်တယ်လို့ သိရပါတယ်။
သတင်းပေးပို့မှုကနေ လိမ်လည်ရယူထားတဲ့ ငွေကြေးတွေ ပြန်လည်ဖော်ထုတ်ရရှိရေးအတွက် အထောက်အကူဖြစ်ခဲ့ပါက သတင်းပေးသူတွေကို အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးအပ်နိုင်မယ်လို့ ဆိုပါတယ်။

