Language:

သက်တမ်းတိုးယာဉ်တွေ စစ်ဆေးရာမှာ အပိုပစ္စည်းတပ်ဆင်မှု ၁၂ ချက်ကို က.ည.န ဖြေလျှော့ပေး


သက်တမ်းတိုးယာဉ်တွေ စစ်ဆေးရာမှာ အပိုပစ္စည်းတပ်ဆင်မှု ၁၂ ချက်ကို က.ည.န ဖြေလျှော့ပေး

၁၈ နို၀င်ဘာ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ယာဉ်သက်တမ်းတိုးစစ်ဆေးတဲ့အခါ Road Safety ကို မထိခိုက်စေတဲ့ အပိုပစ္စည်းတပ်ဆင်မှု ၁၂ ချက်ကို က.ည.န က ဖြေလျှော့ခွင့်ပြုပေးလိုက်ပါတယ်။

ယာဉ်ပိုင်ရှင်တွေ သက်တမ်းတိုးလုပ်ငန်းဆောင်ရွက်ရာမှာ အချိန်ကြန့်ကြာမှုနဲ့ အခက်အခဲတွေ လျော့နည်းစေဖို့အတွက် ယာဉ်အမျိုးအစားနဲ့ ထုတ်လုပ်တဲ့ခုနှစ်အလိုက် အခုလို ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

ခွင့်ပြုထားတဲ့ အပိုပစ္စည်းတွေထဲမှာ နံပါတ်ပြားကို မဖုံးကွယ်တဲ့ ရှေ့နောက်ဘန်ဘာအပိုတွေ၊ ဘေးနဲ့ နောက်ခြေနင်းခုံတွေ၊ ပစ္စည်းတင်စင် Carrier တွေနဲ့ Pick Up ကားတွေရဲ့ Hard Top၊ Soft Top အမိုးတွေ ပါဝင်ပါတယ်။

ဒါ့အပြင် နှင်းခွဲမီးအပို ၂ လုံးအထိ တပ်ဆင်တာ၊ ရှေ့လေကာမှန်မှာ အပူကာစတစ်ကာအကြည် ကပ်တာ၊ မူလကားပုံစံမပျက်တဲ့ အလှဆင်ပစ္စည်းတွေ၊ ကားထုတ်လုပ်တဲ့ခုနှစ်အလိုက် Original Grille ပြန်တပ်တာတွေကိုလည်း ခွင့်ပြုပေးထားပါတယ်။

အရင်က ယာဉ်သက်တမ်းတိုးစစ်ဆေးတဲ့အခါ အပိုပစ္စည်းတွေ ဖြုတ်ခိုင်းတာကြောင့် ဖြုတ်တပ်ခ ကုန်ကျတာတွေအပြင် အချိန်တော်တော်ကြာ စောင့်ဆိုင်းရတာမျိုးလည်း ရှိခဲ့တယ်လို့ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အခုလို ဖြေလျှော့ပေးလိုက်ခြင်းအားဖြင့် ယာဉ်ပိုင်ရှင်တွေအနေနဲ့ အပိုပစ္စည်းတွေ ဖြုတ်တပ်ရတဲ့ ကုန်ကျစရိတ်နဲ့ အချိန်ကုန်သက်သာလာမှာဖြစ်သလို ယာဉ်သက်တမ်းတိုးစစ်ဆေးမှုတွေကိုလည်း ပိုမိုလွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။

က.ည.န အနေနဲ့လည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကစပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းနဲ့ ငွေပေးချေမှုလုပ်ငန်းတွေကို Online စနစ်၊ Digital Payment စနစ်တွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။

#RoadSafety

#DigitalPayment

#ယာဉ်သက်တမ်းတိုး

#အပူကာစတစ်ကာ

#က.ည.န

ဆက်စပ်သတင်းများ

Eastern Thanlwin