၁၄ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
TNA
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၇) ရပ်ကွက် ၊ (၁၅)လမ်း၊ တိုက်အမှတ် (၁၂၀)၊ (၄)လွှာရှိ ဓာတ်လှေကားအတွင်း အမျိုးသမီး တစ်ဦး ပိတ်မိနေရာ မီးသတ်တပ်ဖွဲ့မှ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ (၁၄) ရက်၊ နံနက် (၉)နာရီ မိနစ် ( ၂၀) အချိန်ခန့်က လမ်းမတော်မြို့နယ်ရှိ ၎င်းတိုက်ရဲ့ ဓါတ်လှေကားအတွင်း လူတစ်ဦး ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။
ထို့ကြောင့် ကျောက်တံတား မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့တာပါ။
ထိုသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ နံနက် (၉)နာရီ ( ၂၈)မိနစ်အချိန်မှာတော့ ဓာတ်လှေကားအတွင်း ပိတ်မိနေသူ အမျိုးသမီး (၁)ဦး အား အန္တရာယ်ကင်းစွာဖြင့် ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

