၁၂ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)
TNA
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကျောက်တန်းရပ်ကွက် ကျောက်တန်းစက်မှုဇုံရှိ ဝဥပေါင်းခံစက်ရုံမှာ ယနေ့ နိုဝင်ဘာ (၁၂)ရက်၊ နံနက် (၅)နာရီ၊ (၄၇)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
၎င်း ဝဥပေါင်းခံစက်ရုံမှာ မီးလောင်မှုဖြစ်ပွားနေတဲ့ သတင်းအရ မွန်ပြည်နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မော်လမြိုင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မော်လမြိုင်မြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြိုင်သာယာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လူမှုကယ်ဆယ်ရေးအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့တာပါ။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၅)နာရီ (၅၄)မိနစ်အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုနဲ့ ပတ်သက်လို့ မီးသတ်တပ်ဖွဲ့မှ လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

