Language:

မြန်မာ-တရုတ်-ကမ္ဘောဒီးယားတို့ ပူးပေါင်းပြီး ခရီးသွားလာရေးလမ်းကြောင်း ရေးဆွဲနိုင်ရေး ဆွေးနွေး


မြန်မာ-တရုတ်-ကမ္ဘောဒီးယားတို့ ပူးပေါင်းပြီး ခရီးသွားလာရေးလမ်းကြောင်း ရေးဆွဲနိုင်ရေး ဆွေးနွေး

၉ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

TNA

မြန်မာ-တရုတ်-ကမ္ဘောဒီးယား (၃) နိုင်ငံ ပူးပေါင်းပြီး ခရီးသွားလာရေးလမ်းကြောင်းများ ရေးဆွဲနိုင်ရေး ကိစ္စ အပါအဝင် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးတို့ တွေ့ဆုံဆွေနွေးခဲ့တယ်လို့ နိုင်ငံခြားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်အား ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး H.E. Mr. TY Nitor တို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကူမင်းမြို့၌ ကျင်းပတဲ့ ပထမအကြိမ် ကမ္ဘောဒီးယားကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ရန် ကူမင်းမြို့သို့ ရောက်ရှိစဉ် နိုဝင်ဘာ (၈) ရက်က မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ လာရောက်တွေ့ဆုံခဲ့တာပါ။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်-ကမ္ဘောဒီးယား ၃ နိုင်ငံ ပူးပေါင်းပြီး ခရီးသွားလာရေးလမ်းကြောင်းများ ရေးဆွဲနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

ထို့ပြင် နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

#မြန်မာ-တရုတ်-ကမ္ဘောဒီးယား

#ကူမင်း

#ခရီးသွားလာရေး

#စိုက်ပျိုးရေးကဏ္ဍ

ဆက်စပ်သတင်းများ

Eastern Thanlwin