Language:

ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေသစ် ပြဋ္ဌာန်းရန် အဆိုကို ကန့်ကွက်သူမရှိ ဆက်လက်ဆွေးနွေးမည်


ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေသစ် ပြဋ္ဌာန်းရန် အဆိုကို ကန့်ကွက်သူမရှိ ဆက်လက်ဆွေးနွေးမည်

၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

NPM

မြန်မာနိုင်ငံမှာ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေ (Personal Data Protection Law) သစ်တစ်ရပ် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးဖို့ တင်သွင်းတဲ့အဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဆိုကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က နိုဝင်ဘာ ၆ ရက်မှာ တင်သွင်းခဲ့တာဖြစ်ပြီး လက်ရှိဥပဒေတွေဟာ ကိုယ်ရေးအချက်အလက်လုံခြုံရေးကို ဘက်စုံကာကွယ်နိုင်တဲ့ စနစ်တစ်ခုအဖြစ် မရှိသေးကြောင်း ထောက်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံရှိ ဒစ်ဂျစ်တယ်လုပ်ငန်းတွေနဲ့ ဘဏ်တွေဟာ နိုင်ငံတကာကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်တာမှာ အပြန်အလှန်ဒေတာစီးဆင်းမှု လုံခြုံစိတ်ချစေဖို့အတွက်လည်း မြန်မာနိုင်ငံကိုယ်တိုင်က ကမ္ဘာ့စံနှုန်းမီ တစ်စုတစ်စည်းတည်းသော ဒေတာရှိနေဖို့ လိုအပ်ပါတယ်။”လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က ပြောပါတယ်။

ဥပဒေသစ်မှာ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကြည့်ရှုခွင့်၊ ပြင်ဆင်ခွင့်၊ ဖျက်ပစ်ခွင့်နဲ့ အခြားနေရာသို့ ပြောင်းရွှေ့ခွင့်တို့အပြင် ဒေတာအသုံးပြုမှုကို ကန့်သတ်နိုင်တဲ့ အခွင့်အရေးတွေ ထည့်သွင်းသင့်တယ်လို့ အဆိုရှင်က ပြောပါတယ်။

ဒါ့အပြင် ဒေတာပေါက်ကြားမှုတွေကို ကာကွယ်နိုင်ဖို့ ဒေတာကာကွယ်ရေးအရာရှိ ခန့်အပ်ခြင်း၊ လုံခြုံရေးဆန်းစစ်ခြင်းနဲ့ ချိုးဖောက်မှုတွေအတွက် ထိရောက်တဲ့ ပြစ်ဒဏ်စနစ်တွေ သတ်မှတ်ပေးဖို့လည်း တင်ပြခဲ့ပါတယ်။

အဆိုကို ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

#ကိုယ်ရေးအချက်အလက်

#ကာကွယ်ရေးဥပဒေ

#ဒစ်ဂျစ်တယ်လုပ်ငန်း

#ဒေတာပေါက်ကြားမှု

ဆက်စပ်သတင်းများ

Eastern Thanlwin