၃၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
TNA
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ရေတိုက်ကျေးရွာရှိ ရေတိုက်ဘုန်းကြီးကျောင်းမှာ ယနေ့ အောက်တိုဘာ ၃၀ ရက်၊ နံနက် (၈)နာရီ (၁၀)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဆိုပါ ရေတိုက်ဘုန်းကြီးကျောင်း မီးလောင်းနေတယ်လို့ သတင်းအရ သာယာဝတီမြိုနယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့တာပါ။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၈)နာရီ (၄၄)မိနစ်အချိန်မှာတော့ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

