၃၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
TNA
ကရင်ပြည်နယ် ဘားအံမြို့ ဘားအံစက်မှုဇုန် ဘိုးဘွားရိပ်သာလမ်းရှိ ရာဘာမှိုင်းခံစက်ရုံမှာ ယနေ့ အောက်တိုဘာ ၃၀ ရက်၊ နံနက် (၆)နာရီခွဲအချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားရာ မီးငြှိမ်းသတ်ယာဉ် အများအပြားနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ရာဘာမှိုင်းခံစက်ရုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကရင်ပြည်နယ်မီးသတ်ဦးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘားအံခရိုင်မီးသတ်စခန်းမှ အမြှုပ်မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သွားရောက်ခဲ့ပါတယ်။
ထို့ပြင် ဘားအံမြို့နယ်မီးသတ်စခန်းမှ အမြှုပ်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဘားအံနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ အမြှုပ်မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ထို့ပြင် မာဃလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် (၆)နာရီ (၅၅)မိနစ်အချိန်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

