Language:

တောင်ကြီးမြို့ မြမဥ္ဇူလမ်းမှာ မီးလောင်မှုဖြစ်ပွား ၊ အမျိုးသား (၁)ဦး သေဆုံးခဲ့ရ


တောင်ကြီးမြို့ မြမဥ္ဇူလမ်းမှာ မီးလောင်မှုဖြစ်ပွား ၊ အမျိုးသား (၁)ဦး သေဆုံးခဲ့ရ

၂၅ အောက်တိုဘာ ၂၀၂၆။ (Eastern Thanlwin)

TNA

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ နယ်မြေ(၁)၊ မြမဥ္ဇူလမ်းမှာ အောက်တိုဘာ (၂၄) ရက်၊ ည (၇)နာရီ မိနစ်( ၂၀) အချိန်ခန့်က မီးလောင်မှုဖြစ်ပွားရာ အမျိုးသား (၁)ဦး သေဆုံးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ် မီးသတ်ခစန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကံသာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များ ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည (၇)နာရီ (၄၅)မိနစ်အချိန် မီးငြိမ်းခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား (၄)ဦးအနက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နဲ့ အမျိုးသား (၁)ဦး(‌ေ-သဆုံး)တို့အား မြတ်မေတ္တာနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို စပ်စံထွန်းပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#တောင်ကြီးမြို့၊

#မြမဥ္ဇူလမ်း

#မီးလောင်မှု

#အမျိုးသား(၁)ဦး

#သေဆုံး

ဆက်စပ်သတင်းများ

Eastern Thanlwin