Language:

ဟဲဟိုးမြို့မှာ Express ခရီးသည်တင်ယာဉ် လမ်းဘေးထိုးကျပြီး လူ(၆)ဦးဒဏ်ရာရ


ဟဲဟိုးမြို့မှာ Express ခရီးသည်တင်ယာဉ် လမ်းဘေးထိုးကျပြီး လူ(၆)ဦးဒဏ်ရာရ

၂၄ ရက် အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့ သီခေါင်တောင်ကျေးရွာ အနီးရှိ သီခေါင်တောင်အဆင်းလမ်းမှာ ခရီးသည် အယောက် (၂၀) တင်ဆောင်လာတဲ့ Express ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြချက်အရ သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာလ (၂၄)ရက်နေ့ နံနက်ပိုင်း (၄)နာရီ အချိန်ခန့်က သီခေါင်တောင်အဆင်းလမ်းမှာ ခရီးသည် အယောက် (၂၀) တင်ဆောင်လာတဲ့ Express (၁)စီး လမ်းဘေးသို့ထိုးကျပြီး အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၅)ဦး ထိခိုက်ဒဏ်ရာရှိရခဲ့တယ်လို့သိရပါတယ်။

အဆိုပါ ဒဏ်ရာရရှိသူများကို ကလောမြို့နယ် ကရုဏာလူမှုကူညီရေးအသင်းက တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#မတော်တဆမှု

#ခရီးသည်ယာဉ်

#ဟဲဟိုး

#ရှမ်းတောင်

ဆက်စပ်သတင်းများ

Eastern Thanlwin